By Sint Sint, Shweproperty.com
Updated at 15 January 2021
အလုပ်အကိုင်ပေါင်း ၅သိန်းကျော်ဖန်တီးပေးနိုင်မည့် ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစက်မှုဇုန်စီမံကိန်း ဧရိယာ ၅၅၅ ဧကကျော်အနက် ၄၀၅ ဧကကျော်မှာ စက်မှု လုပ်ငန်းများအတွက်ဖြစ်ပြီး ကျန်အစိတ်အ ပိုင်းများတွင် လမ်းအပါအဝင် အခြားအခြေ ခံအဆောက်အအုံများ တည်ဆောက်မည်ဖြစ် ကြောင်း အဆိုပါစီမံကိန်းဆိုင်ရာအစီရင်ခံ စာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။ အဆိုပါစီမံကိန်းသည် ၅၅၅ ဒသမ ၈၁ ဧက (၂၂၄၉၂၈၈ စတုရန်းမီတာ) ကျယ်ဝန်း ပြီး လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်မွေးမြူ ရေးနှင့် စိုက်ပျိုးရေးဇုန်အမှတ် (၃) အနီးတွင် တည်ရှိသည်။ လုပ်ငန်းနယ်မြေ၏ ၄၀၅ ဒသမ ၃ ဧက (၁၆၄၀၂၄၅ စတုရန်းမီတာ) မှာ စက်မှုလုပ်ငန်းများအတွက်ဖြစ်ပြီး ကျန်သောအစိတ်အပိုင်းတွင် လမ်းများအပါအဝင် အခြား အခြေခံ အဆောက်အအုံနှင့်ပတ်သက်သည် များ ပါဝင်သည်။ စက်မှုလုပ်ငန်းများအတွက် သတ်မှတ်ထားသောမြေကို မြေကွက်အကြီး၊ အလတ်၊ အသေးဟူ၍ သုံးမျိုးသတ်မှတ်ထားပြီး ထိုမြေကွက်များပေါ်တွင် အထည်ချုပ်၊ အစားအစာ ထုတ်လုပ်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ယာဉ်အပိုပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်း စသည့်လုပ်ငန်း များနှင့်သက်ဆိုင်သည့် စက်ရုံများနှင့်ကုန် လှောင်ရုံများ ဆောက်လုပ်မည်ဖြစ်သည်။ ကျန်အစိတ်အပိုင်း၌ လူနေအဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းအဆောက်အအုံများ၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း၊ အဓိကလမ်းမများ၊ ဖြတ် လမ်းများနှင့် ရေမြောင်းများ၊ လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း၊ စိမ်းလန်းသစ်ပင်စိုက်ပျိုးခြင်း များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံခွဲ၊ ရေပုပ် ရေဆိုးသန့်စက်ရုံ၊ ရေသန့်စင်စက်နှင့် အများ ပြည်သူနှင့်သက်ဆိုင်သည့်နေရာများ (ပန်းခြံ ၊ ကစားကွင်း၊ အိမ်သာ စသည်)ကို ဆောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ် ညောင်နှစ်ပင်ရှိ မြေဧက ၅၅၀ ကျော် ပေါ်၌ မြန်မာ-ကိုရီးယားပူးပေါင်းဖွဲ့စည်း ထားသည့် KMIC ကဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီစက်မှု ဇုန်စီမံကိန်းကို လာမည့် ၂၀၂၅ ခုနှစ်အပြီး တည်ဆောက်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ “ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ် ညောင်နှစ်ပင်မှာ ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုပ်နှံမယ့် စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Korean Land and Housing Corporation တို့ ပူး ပေါင်းဖွဲ့စည်းထားတဲ့ KMIC Development Co,Ltd က ၂၀၂၅ ခုနှစ်မှာ အပြီး ဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေ ဧရိယာ ၅၅၅ ဒသမ ၈၁ ဧကတွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korean Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူ စာချုပ်ကို ၂၀၁၉ ခုနှစ်သြဂုတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သိရသည်။ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC)ဧရိယာအတွင်း နိုင်ငံတကာကုမ္ပဏီပေါင်း ၁၃၀ ကျော်အထိ လာရောက်ရင်းနှီးမြှုပ်နှံ လိမ့်မည်ဟု မျှော်မှန်းထားကြောင်း Korea Myanmar Industrial Complex (KMIC)က ထုတ်ပြန်ထားသည်။ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) သည် ရန်ကုန်မြို့မြောက်ဘက် လှည်းကူးမြို့ နယ်တွင်တည်ရှိပြီး ဧရိယာ ၅၅၆ ဧကတွင် အကောင်အထည်ဖော်မည့် နိုင်ငံတကာအ ဆင့်မီစက်မှုဖွံ့ဖြိုးမှုဇုန်ဖြစ်သည်။ ယင်းစီမံကိန်းအတွင်း နိုင်ငံတကာကုမ္ပဏီပေါင်း ၁၃၅ ခုအထိ လာရောက်ရင်းနှီးမြှုပ်နှံလိမ့် မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC)အတွင်း ရင်းနှီးမြှုပ်နှံလိုသူများ လာမည့် ဇန်နဝါရီ ၂၀ ရက်မှစတင်၍ အွန်လိုင်းစနစ် ဖြင့် မြေကွက်များ လျှောက်ထားနိုင်ကြောင်း နှင့် ယင်းသို့လျှောက်ထားရာတွင် KMIC Online Land Reservation System ဖြင့် လျှောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရ သတင်းများ အစိုးရစက်မှုလက်မှုသိပ္ပံ ဟားခါး တွင် အဆောက်အဦးအသစ်များ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး နေပြည်တော် CITY PARK စီမံကိန်း ၏ ပထမအပိုင်းကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေ လယ်မြေများအပါအဝင် တရားမဝင် မြေကွက်ရိုက်ရောင်းဝယ်မှုများကို ဖော်ထုတ်အရေးယူမည် PUBLIC SHELTER ဘက်စုံသုံး အဆောက်အဦးကို ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည် Credit : Nutritionalmenu Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties