By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 23 March 2020
ကိုးရီးယား - မြန်မာစက်မှုဥယျာဉ်စီမံကိန်းကို အပိုင်း (၂)ပိုင်းနဲ့ စတင်ဆောင်ရွက်မှာ ဖြစ်ပြီး စီမံကိန်းနဲ့ အသေးစိတ် ဒီဇိုင်းတွေအတွက် အကြံပေးအဖွဲ့အစည်း ဖိတ်ခေါ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အကြံပေးဝန်ဆောင်မှု ဆောင်ရွက်လိုတဲ့ ကုမ္ပဏီဟာ မြန်မာ (သို့မဟုတ်) ကိုးရီးယားနိုင်ငံမှ တရား ဝင် မှတ်ပုံ တင်ထားထားတဲ့ အကြံပေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ အကြံပေး အဖွဲ့အနေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းနှင့် အသေးစိတ် ဒီဇိုင်းပုံစံအတွက် အကြံပေး ဆောင်ရွက်ရမှာ ဖြစ်ပြီး၊ မြေသားလုပ်ငန်း၊ ကားလမ်းနှင့် လူသွားလမ်း၊ ရေစီးရေလာစနစ်၊ ရေဆိုးစနစ်၊ ရေပေးဝေရေး၊ တည်ဆောက်ရေး ဒီဇိုင်း၊ မြေယာရှုခင်းဒီဇိုင်းပုံစံနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်း စနစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါစီမံကိန်းဟာ မြေ(၅၅၅)ဧကကျော်ရှိပြီး အပိုင်း(၁)နဲ့ အပိုင်း (၂)ဆိုပြီး နှစ်ပိုင်းခွဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စီမံကိန်း အပိုင်း(၁)ကို ၂၀၁၉ ခုနှစ်မှာ စတင်ပြီး (၂၀၂၂)မှာ ပြီးဆုံးမှာ ဖြစ်ကြောင်း၊ ဒုတိယပိုင်းကို (၂၀၂၀)မှာ စတင်ပြီး (၂၀၂၃)မှာ ပြီးဆုံးမယ်လို့ သိရပါတယိ။
စီမံကိန်းကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ (၁) ဒသမ (၆) သန်းဖြစ် ပြီး လပေါင်း (၃၀ )ဆောင်ရွက်ရ မယ်လို့ ထုတ်ပြန်ထားပါတယ်။
လျောက်ထားလိုတဲ့ ကုမ္ပဏီဟာ (၁၀)နှစ်အတွင်းမှာ ဧက (၅၆၀)အထက်ရှိတဲ့ ဒေသဖွံ့ဖြိုးရေး မြို့ပြအင်ဂျင်နီယာ ဒီဇိုင်းပုံစံလုပ်ငန်း အတွေ့အကြုံရှိရမှာ ဖြစ်ကြောင်း၊ ဖက်စပ်ကုမ္ပဏီဆိုရင် ရှယ်ယာရှင်(၃)ဦးနှင့် ဖွဲ့စည်းထားတဲ့ ကုမ္ပဏီဖြစ်ရမယ်လို့ သိရပါတယ်။
ထို စီမံကိန်းကို ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်းနဲ့ ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : mdn.gov
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties