By Sint Sint, Shweproperty.com
Updated at 23 December 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်မှုရရှိနေပြီး သာဓကကောင်းအနေနှင့် တွေ့မြင်ရမည့် စီးပွားရေးဇုန် တစ်ခုဖြစ်ကာ ယင်းစီးပွားရေးဇုန်ကဲ့သို့ ကိုရီးယား၊ ထိုင်း၊ စင်ကာပူတို့နှင့် ပူးပေါင်း၍ ဖက်စပ်စီးပွားရေးဇုန်များ ဆက်လက်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောကြားသည်။ ကုန်သည်စက်မှုအသင်းချုပ်၏ ၂၉ ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတက်ရောက်စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အလားတူစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပထမဆုံးစီမံကိန်းအဖြစ် ကိုရီးယား-မြန်မာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်တည်ဆောက်နိုင်တော့မည်ဖြစ်ကာ ထိုင်းနိုင်ငံမှ Smart and Eco City နှင့် မြန်မာနှင့် စင်ကာပူနိုင်ငံတို့ ဖက်စပ်ဆောင်ရွက်မည့် Myanmar-Singapore Industrial Park ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားခြင်းမရှိအောင် နိုင်ငံတော်အနေနဲ့ ကုစားရေးလုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးတက်လာဖို့ လုပ်သာကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုဖန်တီးပေးရာမှာ စက်မှုဇုန်၊ ဆိပ်ကမ်း၊ လမ်း၊ တံတား စတာတွေ လိုအပ်မှာဖြစ်ပါတယ်" ဟု နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကပြောကြားသည်။ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက်လည်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ ကုန်ကျစရိတ်သက်သာစေရန် ခွင့်ပြုမိန့်လျှောက်ထားသူများအတွက် ဝန်ဆောင်စရိတ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ၅၀ ရာခိုင်နှုန်း လျှော့ချပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ "လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ဓာတ်အားကဏ္ဍက အခြေခံကျပါတယ်။ ဒါကြောင့် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် နိုင်ငံတော်က စီမံကိန်းများချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ လျှပ်စစ်ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် သဘာဝဓာတ်ငွေ့နဲ့ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားအပါအဝင် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တို့က လျှပ်စစ်ဓာတ်အားထုတ်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကိုလည်း ခွင့်ပြုထားပြီးဖြစ်ပါတယ်" ဟု ဦးသောင်းထွန်းက ဆိုသည်။ နောက်ဆုံးရ သတင်းများ စက်ရုံလုပ်သားတစ်သိန်းကျော် အလုပ်အကိုင်ရရှိနိုင်မည့် ထန်းတပင်စက်မှုဇုန်စီမံကိန်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် အငှားအိမ်ရာအခန်းပေါင်းတစ်သောင်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ပုံငွေကျပ်ဘီလီယံ ၁၃၀ ထုတ်ပေး စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် Credit By : The Voice Myanmar Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties