By Messenger, Shweproperty.com
Updated at 25 May 2015
ကျိုက်ထီးရိုးသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာ သောကြောင့် ၂၀၁၆ ခုနှစ်တွင် ဟိုတယ်(၁၀) ခု ထပ်တိုး ချဲ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက The Messenger Media သို့ ပြောသည်။ ပြည်တွင်း ဟိုတယ်၊ နိုင်ငံခြားသားတွေ တည်းခိုလို့ရတဲ့ မြန်မာပိုင် ဟိုတယ်တွေ ဆောက်မှာပါ ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ကျိုက်ထီးရိုးတောင် အောက်ဘက်ရှိ ဟိုတယ်တွင် ရေပေးဝေမှု စနစ် ကောင်းမွန် သော်လည်း ကျိုက်ထီးရိုး ဘုရား၏ အပေါ်ဘက် (ရင်ပြင်တော်) တွင်ရှိသော နေရာများသို့ ရေလုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ရေပေးဝေမှု စနစ် ကောင်းမွန်စေရန် ကျိုက်ထီးရိုး ဘုရားဂေါပက အဖွဲ့များနှင့် တိုင်ပင် ထားကြောင်း ၎င်းက ဆိုသည်။ ကျိုက်ထီးရိုး ဘုရားသို့ ပွင့်လင်း ရာသီ ဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ပြည်တွင်း ခရီးသွားများ အများဆုံး သွားရောက် ကြပြီး၊ ဟိုတယ် မလုံလောက်မှုကြောင့် တည်းခိုရန် အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း ကျိုက်ထီးရိုး ဘုရားသို့ နှစ်စဉ်သွား လေ့ရှိသူ ကြည့်မြင်တိုင်မြို့နယ်မှ ဒေါ်အေးအေးသန်းက ပြောသည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား ရှစ်သန်း ဝင်ရောက်ရန် ခန့် မှန်း ထားပြီး နိုင်ငံတကာ အဆင့်မီသော ဝန်ဆောင်မှု များပေးနိုင်ရန်လည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ယခု နှစ်တွင် ကျိုက်ထီးရိုးသို့ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွား ဝင်ရောက်မှု အများဆုံး ရှိကြောင်း သိရသည်။ Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties