By 7daydaily, Shweproperty.com
Updated at 1 February 2016
ရန်ကုန်မြို့တွင် တစ်ပြိုင် တည်း တည်ဆောက်နေသော ခုံးကျော်တံတားသုံးစင်းအနက် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ကုက္ကိုင်းခုံးကျော်တံတား စီမံကိန်း ပြီးစီးသွားပြီဖြစ်၍ ဇန်နဝါရီ ၃၁ ရက် နံနက်အစောပိုင်းကစတင်၍ မော်တော်ယာဉ်များ ဖြတ်သန်း မောင်းနှင်ခွင့် ပေးလိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။
ယခုဖြတ်သန်းအသုံးပြုခွင့် ပေးသည့် ကုက္ကိုင်းခုံးကျော်တံတားမှာ ဦးသိန်းစိန်အစိုးရလက်ထက် ရန်ကုန်တွင်တည်ဆောက်ခဲ့သည့် ငါးစင်းမြောက်ခုံးကျော်တံတားဖြစ်သည်။
ရန်ကုန်တွင် လတ်တလော တည်ဆောက်နေသည့် ခုံးကျော် တံတားသုံးစင်းအနက် Capital Development ကုမ္ပဏီက တည် ဆောက်သည့် ကုက္ကိုင်းခုံးကျော် တံတားမှာ အစောဆုံးပြီးစီးဖွင့် လှစ်နိုင်သည့် ခုံးကျော်တံတားဖြစ် သည်။
စတင်တည်ဆောက်ခဲ့သည့် ၂၀၁၅ သြဂုတ်မှ ယခုဇန်နဝါရီ လကုန်တွင် ပြီးစီးအသုံးပြုနိုင်၍ ခုနစ်လအတွင်း အပြီးတည် ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။
Capital Development ကုမ္ပဏီက တည်ဆောက်သည့်ခုံး ကျော်တံတားများအနက် သုံးစင်း မြောက်တံတားကို ရန်ကုန်တွင် ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။
ကုက္ကိုင်းခုံးကျော်တံတားကို မူလက မတ်လမှသာပြီးစီးနိုင်ဖွယ် ရှိကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီနှင့် တည်ဆောက်သည့် ကုမ္ပဏီက ခန့်မှန်းထားသော်လည်း တစ်လခွဲ ခန့်စော၍ ပြီးစီးအသုံးပြုနိုင်ခဲ့ ခြင်းဖြစ်သည်။
ရွှေတောင်ကုမ္ပဏီနှင့် Cro−wn Advance ကုမ္ပဏီတို့ လက်ရှိတည်ဆောက်နေသည့် တာမွေငါးခွဆုံခုံးကျော်တံတားနှင့် ရှစ်မိုင် လမ်းဆုံခုံးကျော်တံတားတို့ မှာမူ ၂၀၁၆ နှစ်လယ်ခန့်မှသာ ပြီးစီးနိုင်ဖွယ်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။
Capital Development ကုမ္ပဏီက ယခုကုက္ကိုင်းခုံးကျော် တံတားကို ကျပ်ငွေ ၁၅ ဒသမ ၄ ဘီလီယံအသုံးပြု၍ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။
Capital Development ကုမ္ပဏီက ရန်ကုန်မြို့တွင်တည် ဆောက်ခွင့်ရရှိခဲ့သည့် တံတား များအနက် ရွှေဂုံတိုင်ခုံးကျော်တံ တားသည် တည်ဆောက်ချိန် ၁၁ လခွဲကြာမြင့်ခဲ့ပြီး မြေနီကုန်းခုံး ကျော်တံတားကို ငါးလခွဲဖြင့်ပြီးစီး အောင်တည်ဆောက်နိုင်ခဲ့သည်။
မူလက ရန်ကုန်တွင် လက်ရှိ တည်ဆောက်နေသည့် ကုက္ကိုင်းခုံးကျော်တံတားအပါအဝင်ရှစ်မိုင်၊တာမွေ ငါးခွဆုံ၊ မြောက်ဥက္ကလာပ ခုံးကျော်တံတားများ အားလုံးသည် မူလခန့်မှန်းထားသည်ထက်နောက်ကျပြီးစီးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။
ယာဉ်ကြောပိတ်ဆို့မှု ဖြေ ရှင်းရန် လက်ရှိအစိုးရလက်ထက် တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျပ် ၁၃၀ ဘီလီယံကျော်အကုန် အကျခံပြီး တံတားခုနစ်စင်းတည် ဆောက်ဖြေရှင်းပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့က သတင်းထုတ်ပြန်သည်။ ၂၀၁၂ မှစတင်၍ ရန်ကုန် တိုင်းဒေသကြီးတွင် ရွှေတောင် ဖွံ့ဖြိုးရေးကုမ္ပဏီ၊ Capital Deve-lopment Ltd ၊ FMI ကုမ္ပဏီတို့က တံတားတည်ဆောက်လုပ်ကိုင်ခွင့် များရရှိခဲ့ကြသည်။ ထိုသို့ ကုမ္ပဏီ များကို ငွေကြေးချပေးပြီးရန်ကုန် တိုင်းဒေသကြီးအစိုးရက တံတား စီမံကိန်းများ တည်ဆောက်စေရာ တွင် တံတားများပြီးစီးပြီး ၂ နှစ် ခန့်ကြာချိန်အထိ တိုင်းဒေသကြီး အစိုးရအနေဖြင့် စာရင်းရှင်းပေး နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဒေါ်ညိုညိုသင်းက ပြော သည်။ ‘‘ကုက္ကိုင်းခုံးကျော်တံတား ပြီးသွားတော့ ကမ္ဘာအေးဘုရား လမ်းတစ်လျှောက် သွားတဲ့ခရီး သည်တွေအတွက်က အတော်အ ဆင်ပြေသွားတယ်။ ယာဉ်ကြော တွေ သိသိသာသာချောင်သွားပြီ။ ဒါပေမဲ့ တာမွေလမ်းငါးခွဆုံခုံး ကျော်တံတားနေရာက ကားအရမ်းပိတ်နေသေးတယ်။ ဒါကြောင့်တာမွေကိုလည်း ကုက္ကိုင်းတံတားလို သတ်မှတ်ကာလထက် စောပြီး တည်ဆောက်ပေးစေချင်ပါတယ်’’ဟု ရန်ကင်းမြို့နယ်နေ ကိုဝင်းကျော်သူကပြောသည်။
အဆိုပါကုက္ကိုင်းခုံးကျော်တံ တားအမျိုးအစားမှာ သံကူကွန်က ရစ်ဖြစ်ပြီး ယာဉ်အသွားနှင့်အပြန် လမ်းနှစ်လမ်းရှိပြီး တံတားအရှည် မှာ ၅၀၅ မီတာနှင့် တံတားခံနိုင် ရည်မှာ ၇၅ တန်ဖြစ်သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties