By Myanmar Builders Guide, Shweproperty.com
Updated at 15 March 2019
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ရုံးမှတ်တိုင်အနီး ကျန်စစ်သားလမ်းမကြီးနံဘေးတွင် ကျန်စစ်သားအိမ်ရာစီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ တည်ဆောက်လျက်ရှိရာ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးသောအပိုင်းမှ တိုက်ခန်းများကို တန်ဖိုးသင့်အိမ်ရာအဖြစ် ရောင်းချပေးလက်ရှိသည်။
"တည်ဆောက်မှု ပြီးစီးတဲ့ ၇၀ ရာခိုင်နှုန်းထဲက အိမ်ရာတွေကို ရောင်းချပေးနေပါပြီ။ မတ် ၁၀ ရက်က ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ အိမ်ရာဝယ်ယူမယ်ဆိုင်ရင် ပန်းဆိုးတန်းခုံးကျော်တံတားနားက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှာ လောျက်ထားနိုင်ပါပြီ။ ၃၀ ရာခိုင်နှုန်း ကြိုသွင်းရတာပါ။ တိုက်ခန်းပုံစံအမျိုးမျိုးရှိတဲ့အတွက် ငွေကျပ်သိန်း ၉၀ ဝန်းကျင်ကနေ ငွေကျပ်သိန်း ၅၀၀ ဝန်းကျင်နှုန်း ရှိပါတယ်။ တိုက် ၄၁ လုံး တည်ဆောက်မှု ပြီးစီးတဲ့အတွက် အပိုင်း ၁ တိုက်ခန်းတွေက အခန်း ၁၉ ခန်းမှာ လူနေထိုင်နေကြပါပြီ" ဟု ကျန်စစ်မင်းအိမ်ရာ ဆောက်လုပ်ရေးတာဝန်ခံ ဦးစည်သူဖြိုးဝေက ပြောသည်။
အဆိုပါ တန်ဖိုးသင့်အိမ်ရာကို တည်ဆောက်ခဲ့ရာ အပိုင်း(၁)တွင် လေးခန်းတွဲ ငါးလွှာမှ ၁၂ခန်းတွဲ ငါးလွှာအထိ အခန်းပေါင်း ၃,၁၀၄ခန်းနှင့် အပိုင်း(၂)တွင် တစ်ခန်းတွဲ လေးလွှာမှ လေးခန်းတွဲ ငါးလွှာအထိ အခန်းပေါင်း ၆၆၄ ခန်းကို စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည်။ အိမ်ရာတည်ဆောက်ရေးစီမံကိန်းတွင် အပိုင်း(၁)၊ အပိုင်း(၂)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာဖွံဖြိုးရေးဌာနခွဲ၊ မြို့ပြ၊ ရေ/သန့်၊ လျှပ်စစ်၊ ဗိသုကာ၊ Structural Engineer နှင့် အင်ဂျင်နီယာများ၊ ShweLattPwint Construction& Quality Control Group ၊ Inspection Engineer ၊ UNO Soil Test Co., ltd နှင့် N.E.P.S Co.,Ltd-(Drainage System Design Team) တို့က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အပိုင်း(၁)တွင် တာဝန်ယူတည်ဆောက်သောကုမ္ပဏီ ၁၁ ခု ရှိပြီးတိုက် ၇၃လုံးနှင့် အပိုင်း(၂)တွင် ကုမ္ပဏီ ၁၈ ခုမှ တိုက် ၆၈လုံးကို တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် ရွေလင်ပန်းတန်ဖိုးနည်းအိမ်ရာကိုလည်း ထိုသို့ ၃၀ ရာခိုင်နှုန်းသွင်း၍ အရစ်ကျငွေသွင်းသောစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ပိုင်ရှင်ကိုယ်တိုင် နေထိုင်ခြင်းထက် အခန်းငှားနေထိုင်သူများသောကြောင့် အိမ်ရာတွင်နေထိုင်သူနှင့် အိမ်ငှားနေထိုင်သော လူမှုပြဿနာများအပြင် အိမ်ရာတည်တံ့ကြံ့ခိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေလျက်ရှိရာ တန်ဖိုးသင့်အိမ်ရာများတွင်လည်း အိမ်ခန်းငှားသောစနစ်ကို ဖယ်ရှားနိုင်မှသာ အိမ်ရာတစ်ခု၏ ဂုဏ်အင်္ဂါနှင့်အညီ အမှန်တကယ် နေထိုင်လိုသောပြည်သူတို့အတွက် အကျိုးရှိစေမည်ဖြစ်သည်။
ကျန်စစ်မင်း တန်ဖိုးသင့်အိမ်ရာသည် ရန်ကုန်-ညောင်တုန်းကားလမ်းမကြီးနှင့် ကျန်စစ်သားလမ်းမကြီးအနီးတွင် တည်ရှိသောကြောင့် သွားလာရေး အဆင်ပြေသောနေရာတစ်ခုဖြစ်ပြီး ၇၀ ရာခိုင်နှုန်း တည်ဆောက်ပြီးသော တိုက်ခန်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties