By Myanmar Builders Guide, Shweproperty.com
Updated at 18 January 2019
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသော လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာမှ တန်ဖိုးသင့်နှင့်တန်ဖိုးနည်းအခန်းများကို ဇန်နဝါရီ ၁၄ ရက်တွင် ဦးရာလူစနစ်ဖြင့်ရောင်းချပေးခဲ့ရာ သုံးညဆက်တိုက် တန်းစီစောင့်ဆိုင်းကာ ဝယ်ယူသူများပြားခဲ့ကြောင်း သိရသည်။
လက်ငင်းငွေချေစနစ်ဖြင့် ဦးရာလူ ရောင်းချပေးရာတွင် တန်ဖိုးသင့်အခန်းပေါင်း ၁၈၀ နှင့် တန်ဖိုးနည်းအခန်း ၄၀ ကို ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ "တန်ဖိုးနည်းအခန်းတွေ အကုန်လုံးရောင်းချနိုင်မယ်လို့ ခန့်မှန်းထားတာ။ ဒီနေ့တစ်ရက်တည်းတင် အခန်း ၄၀ မှာ ၃၅ ခန်းရောင်းရတယ်ဆိုတော့ မှန်းထားတဲ့အတိုင်း ရောင်းရတယ်။ တန်ဖိုးသင့်ကတော့ ကျပ်သိန်း ၂၀၀ ကျော် ဖြစ်တဲ့အပြင် လက်ငင်းငွေချေဆိုတော့ အများကြီးရောင်းရမယ်လို့ မမှန်းထားဘူး။ လောလောဆယ် တန်ဖိုးသင့်အိမ်ခန်းကတော့ ၄၃ ခန်း ရောင်းပြီးပြီ" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခန်းဝယ်ယူလိုသူများသည် ဇန်နဝါရီ ၁၁ ရက် ညဦးပိုင်းကပင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အဆိုပါဌာန၌ လာရောက်တန်းစီစောင့်ဆိုင်းနေခြင်းဖြစ်ပြီး အမှန်တကယ်အိမ်ရာပိုင်ဆိုင်မှုမရှိသူများ ဝယ်ယူခွင့်ရရှိခဲ့ကြောင်း သိရသည်။
ယခုရောင်းချခဲ့သည့်အခန်းများအတွက် ဇန်နဝါရီလ ၂၅ ရက် နောက်ဆုံးထားကာ ငွေအကြေပေးသွင်းရမည်ဖြစ်ပြီး တစ်လအတွင်း အိမ်ခန်းလက်ဝယ်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties