By Yangon Media Group, Shweproperty.com
Updated at 20 July 2017
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်နေသည့် လူနေတိုက်ခန်းပေါင်း ၃ဝဝဝကျော် ပါဝင်သည့် ကျန်စစ်မင်းတန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာစီမံကိန်းမှာ ရာခိုင်နှုန်း ၉ဝကျော်ပြီးစီးနေပြီဖြစ် ပြီး ယခုနှစ်အပြီးသတ်နိုင်မည်ဖြစ် ကြောင်း သိရသည်။ လှိုင်သာယာမြို့နယ် ကျန်စစ် သားလမ်းနှင့် ညောင်တုန်းလမ်းထောင့် တွင် ၂ဝ၁၄ခုနှစ်မှစတင်ကာ အပိုင်းသုံးပိုင်းခွဲ ဆောက်လုပ်နေခြင်းဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဇူလိုင် ၁၈ ရက်က သိရသည်။
''ကျန်စစ်မင်းအိမ်ရာစီမံကိန်းက တန်ဖိုးနည်းက ၉ဝ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ တန်ဖိုးလတ်နဲ့ တန်ဖိုးနည်း နှစ်ခုစလုံးကရောနေတယ်။ အဲ့ဒါကို ပြန်ခွဲထုတ်ရဦးမယ်။ လတ်တလော ရောင်းဖို့မရှိသေးဘူး''ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှဆောက်လုပ်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာများကို CHD ဘဏ်တွင် စုငွေအိမ်တန်ဖိုး၏ ရာခိုင်နှုန်း ၃ဝပြည့်မီသူ၊ အမှန်တကယ်နေထိုင် စရာမရှိသူကိုသာ ရောင်းချနေခြင်း ဖြစ်ပြီး ပွဲစားများဖြင့်တစ်ဆင့်ခံဝယ် ယူရောင်းချနေခြင်းမဟုတ်ပေ။ သို့သော် ယခုဆောက်လုပ်နေ ဆဲဖြစ်သည့် ကျန်စစ်မင်းအိမ်ရာစီမံ ကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ရောင်းချခြင်းမရှိသေး သော်လည်း ပွဲစားများက ဝယ်ယူလိုသူများကို ဝယ်ယူခွင့်ရရှိရန်ဆောင်ရွက်ပေးမည်ဆိုသည့်အသံများ ထွက် ပေါ်နေကြောင်း စီမံကိန်းအနီးရှိဒေသခံ အချို့ထံမှသိရသည်။
''ဆိုက်ကားသမားတွေဆီက တောင်ကြားရတယ်။ အဲ့ဒီတိုက်ခန်း တွေဝယ်ချင်တဲ့သူရှိရင် ချိတ်ပေးမယ်ဆိုပြီးပြောတယ်။ တချို့နယ်ဘက်က လူတွေက မရောင်းသေးတာကိုမသိ တော့ အိမ်ရာတွေကလည်း အတော် ပြီးနေတော့ အလိမ်ခံရနိုင်တယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းကြောင့် အဆိုပါနေရာများ ကိုရောင်းချမည်ဆိုပါက အများပြည်သူသိရှိစေရန် ကြေညာပေးသွားမည် ဖြစ်ပြီး လက်ရှိတွင်လည်း ရောင်းချ ခြင်းမရှိသေးကြောင်းကို ဆိုင်းဘုတ်များထောင်ပေးထားကြောင်း၊ လက်ရှိ ရောင်းချနေသည်မှာ ရွှေလင်ဗန်းတန် ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်း အိမ်ရာ၊ ကနောင်တန်ဖိုးသင့်အိမ်ရာ မှ လူနေတိုက်ခန်းပေါင်း ၁၅၅၂ ခန်းသာဖြစ်ကြောင်း ဝယ်ယူလိုသူများသည် ဇူလိုင် ၁ဝရက်မှ ၂၁ရက်အတွင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၌ လျှောက်ထားနိုင်ကြောင်း သိရသည်။
Ref : Photo Credit :Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties