By 7daydaily, Shweproperty.com
Updated at 16 June 2015
ယခုနှစ်မတ်လတွင် အ ကောင်အထည်ဖော်မည်ဟု ရည် မှန်းထားသောကျောက်ဖြူအထူး စီးပွားရေးဇုန်သည် အဓိကရင်းနှီး တည်ဆောက်သူ(Developer) တင်ဒါရွေးချယ်မှု ကြန့်ကြာနေသောကြောင့်အကောင်အထည်မ ဖော်နိုင်ခြင်းဖြစ်ကြောင်းကျောက် ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲ ရေး ဆပ်ကော်မတီမှ သတင်းရရှိသည်။
သမ္မတက တိုက်ရိုက်ရွေး ချယ်မည့် ကျောက်ဖြူအထူးစီးပွား ရေးဇုန်၏ အဓိကရင်းနှီးတည် ဆောက်သူ(Developer)ကိုယခင် က ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ရွေး ချယ်မည်ဟု ဆုံးဖြတ်ခဲ့ရာမှ ဗိုလ် ရှုသဘင် အခမ်းအနားကြောင့် ၂၀၁၅ ဇန်နဝါရီသို့ ရွှေ့ဆိုင်းခဲ့ သည်။ ထိုမှတစ်ဆင့် ရွေးချယ်မှု ကို ဆိုင်းငံ့ထားသည်မှာခြောက်လ ခန့်ကြာမြင့်နေခဲ့ပြီဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို မတ်လတွင် အကောင်အထည်ဖော်ရန် ရင်းနှီး တည် ဆောက်သူများကို ပြီးခဲ့သည့် ဇူလိုင်က စင်ကာပူနှင့်ရန်ကုန်မြို့တွင် ဈေးကွက်ရှာဖွေရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတကာလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူခဲ့သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းအတွက် Developer အဖြစ် စိတ်ဝင်စားသည့် နိုင်ငံ ပေါင်းခုနစ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂ခုက အမေရိကန်ဒေါ်လာ တစ် ထောင်ပေးသွင်းပြီး လျှောက်လွှာ များရယူခဲ့ကြသည်။
ယင်းအနက်မှ ရင်းနှီးတည် ဆောက်သူအဖြစ် နောက်ဆုံးအ ဆင့်အဆိုပြုလွှာ တင်သွင်းထား သော ကုမ္ပဏီကို ရင်းနှီးတည် ဆောက်သူအဖြစ် သမ္မတရုံးက တိုက်ရိုက်ရွေးချယ်မည်ဖြစ်သည်။
သမ္မတရုံးက ရွေးချယ်ပြီးပါ က ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၊စက်မှုဇုန်စီမံကိန်းနှင့် လူနေ အိမ်ရာစီမံကိန်းများကို အကောင် အထည်ဖော်လုပ်ကိုင်ခွင့်ရသည့် ရင်းနှီးတည်ဆောက်သူ နောက် ဆုံးစာရင်း ထွက်ရှိလာမည်ဖြစ် သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည်တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင်အာရှ နိုင်ငံများကို ဆက်သွယ်ပေးမည့်အချက်အခြာ ကျသည့်စီးပွားရေးရပ်ဝန်းတစ်ခု ဖြစ်သောကြောင့် အကောင်အ ထည်ဖော်လာပါက တိုင်းပြည်၏ ဝင်ငွေ ၈၀ရာခိုင်နှုန်းရှာဖွေပေးနိုင် သည်ဟု မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသော CPGအကြံ ပေးကုမ္ပဏီက ခန့်မှန်းထားသည်။
ယခင်က ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို မြေဧက တစ် ထောင်ဖြင့် စတင်မည်ဟု ထုတ် ပြန်ထားသော်လည်း နယ်မြေအ နေအထားကြောင့် ယခုနှစ်ဆန်း ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပပြု လုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ မြေဧက လေးထောင်သို့ တိုးချဲ့လိုက်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties