By mmtimes, Shweproperty.com
Updated at 15 August 2014
မြန်မာနိုင်ငံတွင်း၌ စီးပွားရေးဇုန်စီမံကိန်းများနှင့် လေဆိပ်စီမံကိန်းများတည်ဆောက် မည့် စီမံကိန်း များကြောင့် ယင်းစီမံကိန်း နေရာပတ်ဝန်းကျင်ရှိ နေရာများတွင် မြေ ဈေးနှုန်းများ လျင်မြန်စွာမြင့် တက်သွားလာခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူး စီးပွားရေးဇုန်အကောင်အထည် ဖော် တည်ဆောက်မည့် နေရာဒေသဝန်းကျင်ရှိ မြေဈေးနှုန်များ သိသာစွာမြင့်တက် လာခြင်းမရှိ သေးကြောင်း ရခိုင်ပြည်နယ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး ဌာနဝန်ကြီး ဦးမောင်စံရွှေကပြောသည်။
ပြီးခဲ့သည့်လအတွင်းက ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်မည့်မြေနေရာ ဝန်းကျင်ရှိ မြေဈေးနှုန်းများ မူလဈေးထက် လေးဆခန့်မြင့်တက်ခဲ့ကြောင်း ဒေသခံအချို့ က ပြောဆိုခဲ့ကြ သော်လည်း ထိုသို့ ထူးခြားစွာ မြင့်တက်ခဲ့ခြင်းမျိုးမရှိဘဲ အနည်းငယ်သာ မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။
"ကျွန်တော်တော့ အဲဒီနေရာမှာ မြေ ဈေးနှုန်းတွေ အရမ်းကြီးမြင့်တက်သွားတယ် လို့အခုထိတော့ မကြားမိသေးဘူး" ဟု ဦးမောင် စံရွှေက ပြောသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက် မှုသည် မျှော်လင့်ထားသကဲ့သို့ ဖွံ့ဖြိုး မှုများရှိလာနိုင်သော်လည်း လက်ရှိအချိန် အထိ မြေယာဈေးနှုန်းများအနည်းငယ်သာ မြင့်တက်မှုရှိနေသေးသည်ကို တွေ့ရကြောင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်တချို့က ပြော သည်။
ကျောက်ဖြူဒေသခံ ရှေ့နေတစ်ဦးလည်း ဖြစ်သူ ဦးအောင်ကျော်ညွှန့်က အထူးစီးပွား ရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် ထုတ်ပြန်မကြေညာမီကထက် မြေဈေးနှုန်း များ အနည်း ငယ်သာ မြင့်တက်လာခြင်းမျိုး ရှိသော်လည်း အခြားသော နေရာများ၌ မြေဈေးနှုန်းများ မြင့် တက်မှု ရှိ မရှိကိုမူ အတိအကျမသိရှိကြောင်း ပြောသည်။
"အခုထိတော့ မြေဈေးနှုန်းတွေက မတည်ငြိမ်သေးဘူး။ မြင့်တက်နေတယ်ဆိုတာကလည်း ဘယ်လိုအခြေအနေဖြစ်လာမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး" ဟု ဦးအောင်ကျော်ညွှန့်က ပြောသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါ အဝင် ရခိုင်ပြည်နယ်၌ စက်မှုဇုန်စီမံကိန်း လေးခုကို အကောင်အထည်ဖော်သွားရန် လျာထားခြင်းဖြစ်သည်။
"ကျွန်တော်တို့လည်း ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်း စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံ သွားဖို့ရှိပါတယ်။ မြေဈေးနှုန်းတွေကိုတော့ အခုထိလေ့လာနေတုန်းပါပဲ။ ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့တော့ မကြားမိသေး ဘူး" ဟု Golden Land ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ အမှုဆောင်ဒါရိုက် တာ ဦးဖိုးချိုက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါ အဝင် ရခိုင်ပြည်နယ်အတွင်းရှိ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနယ်များတွင် စက်မှုဇုန်များ အကောင်အထည်ဖော်တည် ဆောက်သွားရန် ပြည်ထောင် စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့က စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည်။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties