By ငြိမ်းဇော်လင်း, Shweproperty.com
Updated at 10 January 2012
ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ကမ်းပါးပြိုမှုအန္တရာယ်နှင့်နီးစပ်သော ကမ်းနားအိမ်များကို အဆိုပါရပ်ကွက် အတွင်းရှိ လယ်ကွက်များအတွင်းသို့ ပြောင်းရွှေ့နေရာချထား ပေးထားကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့မှုကို ပထမ အသုတ်အနေဖြင့် ကမ်းပါးပြိုမှု အန္တရာယ်နှင့် ပိုမိုနီးစပ်သောအိမ်များကို ၂ဝ၁၁ခုနှစ်သြဂုတ်လအတွင်း၌လည်းကောင်း၊ ကမ်းနားနှင့်အနည်းငယ် ကွာဝေးသည့်အိမ်များကိုမူဒုတိယအ သုတ်အနေဖြင့် အောက်တိုဘာလ အတွင်း၌လည်းကောင်း ပြောင်းရွှေ့စေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
''ကျွန်တော်တို့အိမ်က ကမ်းနားနဲ့နီးတဲ့ နေရာမှာဆိုတော့ နေရာ ဖယ်ပေးရတယ်။ ပြောင်းရွှေ့ပေးရတဲ့နေရာ အစားပြန်ပေးတဲ့နေရာကို လှိုင်သာယာ-တွံတေးဖွံ့ဖြိုးရေး လမ်းမကြီးဘေးက လယ်ကွင်းတွေထဲမှာ ပေ ၂ဝ ပေ ၄ဝ ကွက်သစ်ရိုက်ပြီး မဲစနစ် နဲ့ပေးတာပါ။ မြေကွက်ပဲပေးပြီး အိမ် ကိုတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆောက်ရတယ်။ အခုမှ စပြောင်းနေတဲ့သူတွေလည်း ရှိပါတယ်။ လက်ရှိ အချိန်အထိတော့ မီး မရသေးပေမယ့် မီးတိုင်တွေတော့ ချနေပါပြီ။ အခုပြန်ပေးတဲ့ ကွက်သစ်နေရာတွေ ကိုလည်းမနေချင်တဲ့သူတွေကရောင်း ဝယ်နေကြတော့ ဈေးတွေ မြင့်နေ တယ်''ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုပါသည်။
''မိုးတွင်းမှာ ကမ်းပြိုမှုတွေ၊ ရေကြီးမှုတွေဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေကြောင့် အခုလို ပြောင်းရွှေ့ခိုင်းတာပါ။ သူတို့အတွက် နေရာလည်း ပြန်ပေးပါတယ်။ ကမ်းနားနဲ့ကပ်နေတဲ့ ဦးမြ၊ ဆိပ်ကြီး၊ ငါးစင်၊ အလတ်ချောင်း စတဲ့ရွာတွေက အိမ်ခြေ ၂ဝဝ ကျော် ပြောင်းပေးရမှာ ပါ''ဟု ဦးမြ၊ ဆိပ်ကြီး၊ ငါးစင်ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ငွေ က ပြောပြပါသည်။
ယခင်က လှိုင်သာယာ-တွံတေး ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ လယ် ကွက်များ၏ဈေးနှုန်းသည် ကျပ်သိန်း ဆယ်ဂဏန်းအောက်ဝန်းကျင်သာရှိ ပြီးလက်ရှိအဆိုပါကွက်သစ်နေရာများ တွင် ပေ ၂ဝ ပေ ၄ဝ တစ်ကွက်လျှင် ကျပ်သိန်းလေးဆယ်မှ ငါးဆယ် ဝန်း ကျင်အထိပေါက်ဈေးရှိကြောင်းသိရ သည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties