By 7daydaily, Shweproperty.com
Updated at 15 June 2015
ရန်ကုန်မြို့သစ် စီမံကိန်း အဖြစ် အကောင်အထည်ဖော်ရန် လျာထားခဲ့ဖူးသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ လယ်မြေများ တစ်ဧကလျှင် ကျပ်သိန်းတစ်ရာခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။
‘‘လယ်မြေတွေတော့ ကြိုးကြားကြိုးကြားအရောင်းအဝယ် ဖြစ်နေတယ်။ မြို့သစ်စီမံကိန်းလုပ် ဖို့ လွှတ်တော်မှာ စည်ပင်က ဒီနှစ် ထဲတင်ပြမယ့် နေရာတွေထဲမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း လည်း ပါတယ်’’ ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်းဒေသ ဖွံ့ဖြိုးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးဝမ်ကျင်က ပြောသည်။
အရောင်းအဝယ်ဖြစ်သည့် နေရာများမှာ လယ်မြေအများစုသာ ဖြစ်ပြီး မြို့သစ်စီမံကိန်းလုပ်ဆောင်မည်ဟု အတည်ပြုစဉ်က ဈေး ကောင်းခဲ့သည့် နေရာများမှာ ယ မန်နှစ်ကထက် ဈေးထက်ဝက်ခန့် လျော့ကျပြီး အရောင်းအဝယ်ဖြစ် နေကြောင်း တမာတကောကျေးရွာမှ မြေယာအကျိုးဆောင် ဦးမိုးမြင့်က ခန့်မှန်းသည်။
‘‘ရွာသားတော်တော်များများ က ထုတ်ရောင်းထားကြတာများ ပြီး လယ်မလုပ်ကြတော့ဘူး။ မြေ တော်တော်များများက လုပ်ငန်းရှင်တွေ လက်ထဲမှာ’’ဟု ဦးမိုးမြင့်က ဆိုသည်။
ယခုလာမည့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန် စီစဉ် ထားသည့် မြို့သစ်စီမံကိန်း နယ်မြေများတွင် ရန်ကုန်- တွံတေးကားလမ်းနံဘေးနေရာများ အပြင် မှော်ဘီ၊ ထန်းထပင်၊ သန်လျင်တို့ပါ ထည့်သွင်းသတ်မှတ်ထားသောကြောင့် လွှတ်တော်က ပြန်လည်အတည်ပြုလိုက်ပါကယင်းမြေနေရာများတွင် မြေဈေးပြန်လည် မြင့်တက်လာနိုင်သည်ဟု
မြေယာအကျိုးဆောင်များက မျှော်လင့်နေသည်။
ထို့ပြင် လက်ရှိတွင် ရန်ကုန်- ဒလ တံတားစီမံကိန်း ပြီးစီးပါက ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒု ဝန်ကြီး လွှတ်တော်၌ ပြောကြားထားသည့် ဆင်မလိုက် တံတား တည်ဆောက်လျှင် မြေဈေး ပြန်လည်မြင့်တက်နိုင်သည်ဟု ဒေသ ခံများက ဆိုသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties