By Kumudra, Shweproperty.com
Updated at 29 May 2013
ကျောက်မြောင်းဘက်မှာ အိမ်ဝယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပြပါတယ်။
ကျောက်မြောင်းဘက်မှာ မြေရှင်ရှိတိုက်ခန်းတွေများတာကြောင့် ဝယ်ယူမယ်ဆိုရင် ကန်ထရိုုက်နဲ့ မြေရှင်အပေးအယူ စာချုပ်ကို ကြည့်ရမှာဖြစ်ပြီး မြေရှင် ဟုတ်မဟုတ် စစ်ဆေးရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဝယ်ယူတဲ့အခါမှာလည်း သက်ဆိုင်ရာ ရယကနဲ့ ပတ်ဝန်းကျင်ကို စုံစမ်းရမှာဖြစ်ပြီး တစ်ခါတလေမှာ ဌားတဲ့လူက စချုပ်အတုလုပ်ပြီး ရောင်းစားတာတွေလည်း ရှိတတ်ပါတယ်။
ယုဇနပလာဇာပတ်ဝန်းကျင်က တိုက်ခန်းတွေဝယ်မယ်ဆိုရင်တော့ ယုဇန ကုမ္ပဏီက ဆောက်တဲ့တိုက်ခန်းတွေများတာကြောင့် တိုက်ခန်းနာမည်ပေါက် မပေါက်ကို ယုဇနကုမ္ပဏီမှှာ အရင်စုံစမ်းရမှာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှုကတော့ စည်ပင်နဲ့ ပတ်သက်တဲ့ ဂရန်ဆိုရင် စည်ပင်မှာ သွားကြည့်ရမှာဖြစ်ပြီး အိုးအိမ်နဲ့ ပတ်သက်တဲ့ဂရန်ဆိုရင် အိုးအိမ်မှာ သွားကြည့်ရမှာ ဖြစ်ပါတယ်။
Ref: Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties