By 7daydaily, Shweproperty.com
Updated at 13 December 2015
မြေသိမ်းမှုဖြစ်စဉ်များ၏ ရာခိုင်နှုန်းထက်ဝက်ခန့်သည် စစ် တပ်တစ်ခုတည်းက တိုက်ရိုက် သော်လည်းကောင်း၊ အခြားမြေ သိမ်းသူများနှင့် ပူးပေါင်း၍သော် လည်းကောင်း လုပ်ဆောင်ခဲ့သည် ကို တွေ့ရကြောင်း ဒို့မြေကွန် ရက်က ထုတ်ပြန်ခဲ့သည့် မြေယာသိမ်းယူမှုအကျိုးဆက် လေ့လာဆန်းစစ်ချက်များ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
‘မြေယာလုယက် သိမ်းယူမှု များဖြင့် ပြည်သူများဘဝကို ဖျက်ဆီးကြခြင်း’ မြေယာသိမ်းယူမှု အကျိုးဆက် လေ့လာဆန်းစစ် ချက်များ အစီရင်ခံစာထုတ်ပြန် ခြင်း သတင်းစာရှင်းလင်းပွဲကို ဒို့မြေကွန်ရက်က ဒီဇင်ဘာ ၁၀ရက်တွင် ကမာရွတ်မြို့နယ် လှည်းတန်းရှိ Comreg ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ယင်းအစီရင်ခံစာကို ကချင်၊ ကယား၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်းပြည်နယ် (တောင်နှင့်မြောက်)၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ စသည့် တိုင်းနှင့်ပြည်နယ် ၁၂ ခု မြို့နယ် ၂၆ မြို့နယ်ရှိ ဒေသခံ တောင်သူ ၂,၆၅၇ ဦးကို တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ မြို့နယ်ပေါင်း ၂၆ မြို့နယ် ရှိ လယ်ယာမြေများကို စစ်တပ်က ၄၇ ဒသမ ၇ ရာခိုင်နှုန်းခန့် သိမ်းဆည်းထားပြီး စစ်တပ်တစ်ခု တည်းက သိမ်းယူခြင်းအပြင် ဒေသခံအာဏာပိုင်များ၊ အစိုးရဝန်ကြီး ဌာနများနှင့် ရုံးများ၊ ဒေသတွင်းရှိ စီးပွားရေးလုပ်ကိုင်သူများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ သည်ကို တွေ့ရကြောင်း ဒို့မြေကွန်ရက် အစီအစဉ်မန်နေဂျာ မခူးခူဂျူးက ပြောသည်။
‘‘ဒီအစီရင်ခံစာက အခုမှ ခြေ လှမ်းအစပဲရှိသေးတယ်။ နောက် ထပ်လုပ်သွားဦးမယ်။ ဒေသခံ တောင်သူတွေရဲ့ ဘဝအမှန်ကို အစိုးရက သိရှိသွားစေချင်လို့ပါ။ နောက်တက်လာမယ့် အစိုးရသစ် ကိုလည်း တင်ပြသွားဖို့ ရှိတယ်။ အခုမြေယာမူဝါဒဥပဒေကို ရေး ဆွဲနေတဲ့အတွက် ဒီအချက်အ လက်တွေကိုကြည့်ပြီး ပြင်ဆင် လုပ်ဆောင်သွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်’’ဟု ၎င်းကဆက် လက်ပြောကြားသည်။
မြေယာသိမ်းဆည်းခံရမှု အမျိုးမျိုးတွင် မြေယာသိမ်းပြီး တောင်သူများဖယ်ရှားခံရမှုများ ရှိသ ကဲ့သို့ သိမ်းဆည်းသည့် မြေယာ ပေါ်တွင် တောင်သူများအားပြန် လည်၍ မြေယာငှားရမ်းခ (သို့ မဟုတ်) သီးစားခအနေဖြင့် လုပ် ကိုင်စေမှုတို့ကိုလည်း တွေ့ရ ကြောင်း အစီရင်ခံစာ၌ ဖော်ပြ ထားသည်။
ဒို့မြေကွန်ရက်က ဒေသခံ တောင်သူများနှင့် တွေ့ဆုံမေး မြန်းရာတွင် တောင်သူ ၇၆ ဒသမ ၄ ရာခိုင်နှုန်းသည် တစ်ဦးချင်းစီ၏ မြေယာဧက ၁၀ ဧကအထိ ဆုံး ရှုံးခဲ့ရကြောင်း ယင်းအစီရင်ခံစာ ၌ ဖော်ပြထားသည်။
ထို့ပြင် မေးခွန်းဖြေကြားသူ မြေယာဆုံးရှုံးခဲ့သည့် ၁,၁၂၉ ဦး၏ ပြောပြချက်အရ ၎င်းတို့၏ မြေ ယာများ သိမ်းဆည်းခံရစဉ်က တရားဝင်မြေယာပိုင်ဆိုင်မှု လုပ် ကိုင်ခွင့် စာရွက်စာတမ်းများ ပိုင် ဆိုင်ထားပြီး ၁,၀၅၈ ဦးမှာ မြေယာ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ မရှိ သည်ကို တွေ့ရကြောင်း မခူးခူ ဂျူးကပြောသည်။
‘‘မြေယာသိမ်းဆည်းမှုက နေရာအသီးသီးမှာ ဖြစ်နေတာပါ။ မြေသိမ်းမှုကြောင့်လည်း ဒေသခံ တွေမှာ ကိုယ်နေချင်တဲ့နေရာမှာ နေခွင့်မရကြဘူး။ မူလမြေမဟုတ် ဘဲ စွန့်ပစ်မြေတွေပေါ်မှာ နေထိုင် နေကြရပါတယ်’’ဟု ကချင်ပြည် နယ်ဒေသခံ ဒေါ်ဘောက်ဂျာက ပြောသည်။
မြို့နယ် ၂၆ မြို့နယ်မှ မြေယာသိမ်းဆည်းမှုများ ကောက်ယူခဲ့ရာ တွင် မြေယာများကို အစိုးရဌာန က ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ ပြည် တွင်းကုမ္ပဏီများက ၁၃ ဒသမ ၉ ရာခိုင်နှုန်း၊ ဒေသခံအာဏာပိုင် များက ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် နိုင်ငံခြားကုမ္ပဏီက ၄ ဒသမ ၄ ရာခိုင်နှုန်း သိမ်းယူထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties