By ကုမုဒွာ, Shweproperty.com
Updated at 4 June 2013
စီမံကိန်းအနီးအနားက မြေကွက်တွေ ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို အိမ်ခြံမြေအသင်းပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ခုလို ပြောပြပါတယ်။
စီမံကိန်းနားက မြေကွက်တွေက စည်ပင်က ဖော်တဲ့မြေကွက်၊ အိုးအိမ်က ဖော်တဲ့မြေကွက်တွေရှိသလို ကုမ္ပဏီက ဖော်တဲ့ မြေကွက်တွေလည်းရှိပါတယ်။
ကုမ္ပဏီက ဖော်တာဆိုရင် ကုမ္ပဏီက ပါမစ်ကျပြီလား၊ ဂရန်အဆင့် ရောက်ပြီလားဆိုတာ သေချာလေ့လာဖို့ လိုပါတယ်။ သေချာလေ့လာပြီးမှ ကုမ္ပဏီမြေကွက်တွေကို ဝယ်မယ်ဆိုရင် ပိုစိတ်ကျရပါတယ်။
စည်ပင်နဲ့ အိုးအိမ်ကတော့ အစိုးရဌာနဖြစ်တာကြောင့် အရှုပ်အရှင်း ကင်းပါတယ်။
ကုမ္ပဏီဆိုရင် အမည်ပေါက် ဟုတ်မဟုတ် စစ်ရပါမယ်။ ဂရန်ထွက်လာပြီလား၊ ပါမစ်ထွက်ပြီလားဆိုတာကိုလည်း စစ်ရပါမယ်။ အဲဒါတွေ သေချာမထွက်သေးဘဲ ဝယ်မိရင်တော့ ကိုယ့်အတွက် အမှားဖြစ်နိုင်ပါတယ်။
ကျူးကျော်နေထိုင်တာမျိုးတွေ ရှိတတ်တာကြောင့် ဝယ်ယူပြီးတဲ့အခါမှာ ခြံစောင့်ထားရမယ်လို့လည်း သိရပါတယ်။
Ref : kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties