By Aye Sandar, Shweproperty.com
Updated at 1 October 2021
မိမိဝယ်ယူရမည့် မြေအမျိုးအစားကို မြေပုံမှာပါတဲ့ သင်္ကေတကိုကြည့်ရုံနဲ့ အကြမ်းဖျင်းခွဲခြား သိရှိနိုင်ပါသည်။ ဉပမာ အက္ခရာသင်္ကေတနဲ့ ဆွဲသားထားသောအရောင်ပေါ် အခြေခံ၍ မြေပြန့်မြေလား၊ ကုန်းကျလား၊ မြောင်းဘေးတဝိုက်လား၊ ဆည်ရေသောက်မြေလား၊ မြစ်ရေဝင်လား၊ သုဿာန်အရပ်နဲ့ နီးလား ... အစရှိသဖြင့် ခွဲခြားသိနိုင်သေးသည်။ မြေအမျိုးအစား ခွဲခြားနည်းမှာ - ၁။ မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/ P/ M သင်္ကေတနဲ့ ပြသပြီး၊ ပထမတန်းစားဆိုရင် R1၊ ဒုတိယတန်းစား R2၊ တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်းစား R3၊ တစ်ဧကအထွက်နှုန်း တင်း ၂၀ အထက်အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါသည်။ ၂။ အစိုးရဆည်ရေ သောက်လယ်မြေဆိုရင် RG ၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP ၄။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM ၅။ မူရင်းလယ်မြေဆိုရင် M/ MY ၆။ ချောင်းရေဝင် မြေဆိုရင် C ၇။ ယာမြေဆိုရင် Y ၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR ၉။ တောင်ယာမြေဆိုရင် TY/ YY ၁၀။ ကိုင်းမြေဆိုရင် K/ KA/ KY ၁၁။ ကိုင်းမြေရင့်ဆိုရင် KY ၁၂။ ဉယျာဉ်ခြံမြေဆိုရင် G/ U ၁၃။ ဓနိမြေဆိုရင် D ၁၄။ အပိုင်ရမြေ O ၁၅။ အပိုင် ဂရန်မြေ G ၁၆။ အငှားဂရန်မြေ L ဟူ၍ ခွဲခြားပြထားသည်။ ဆက်လက်ပြီး ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ အစိုးရမြေတို့ရဲ့ သင်္ကေတနဲ့ အရောင်များအကြောင်းကိုလည်း ပြောပြပေးသွားပါမည်။ - ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲသားထားသည်။ - ဘိုးဘွားပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပြီး မြေပုံအရောင်မှာတော့ အပြာရောင်နဲ့ဆွဲထားသည်။ - အစိုးရမြေများကိုတော့ သင်္ကေတအားဖြင့် Aနဲ့ ပြပြီး အရောင်အားဖြင့် ခရမ်းရောင်ဖြစ်ပါတယ်။ - ရွာမြေကိုတော့ လိမ္မော်ရောင်နဲ့ ဆွဲသားပြီး၊ သာ့သနာမြေအရောင်မှာတော့ အစိမ်းရောင်နဲ့ မှတ်သားထားရှိသည်။ ( အထက်ပါအချက်အလက်များကို ဗဟုသုတဖြစ်စေရန် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်ရှင်အိမ်ငှားကိစ္စ သိမှတ်ဖွယ်ရာ ရောင်းဝယ်၊ပေါင်နှံ ၊ ချေးငှားတဲ့ကိစ္စတွေအတွက် ခိုင်မာတဲ့ စာချုပ်စာတမ်း ဖြစ်ဖို့ဆိုရင် အပျောက်တိုက်ခန်းနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ အိမ်၊ခြံ၊မြေ အပြီးအပိုင် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချရာတွင် လွှဲပြောင်းရောင်းချပေးသူ၏ တာဝန်ဝတ္တရားများနှင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ Written By: Aye Sandar, Shweproperty.com Posted By : Sint Sint, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties