By The Kumudra, Shweproperty.com
Updated at 16 March 2016
အိမ်ခြံမြေမှာ ရင်နှီးမြှုပ်နံှထားချင်သူတွေအနေနဲ့ လက်ရှိဈေးကွက်အနေထားမှာ ရင်းနှီးမြှုပ်လို့ကောင်းတဲ့ မြေနဲ့ကွန်ဒိုတွေကို ဝယ်ယူထား သင့်တယ်လို့သိရပါတယ်။
လက်ရှိမှာအိမ်ခြံမြေဈေးကွက်က ဈေးတက်ဖို့အခြေအနေ လည်းမရှိနိုင်သလို ဈေးကျဖို့ဆိုတာကလည်း မဖြစ်နိုင်သေးပါဘူး။ ပုံမှန်တန်း ဈေးကွက်အနေအထားတစ်ခုမှာ ရင်းနှီးမြှုပ်နံှမယ်ဆိုတဲ့ သူတွေကတော့ ဝယ်ထားသင့်တဲ့ အချိန်ဖြစ်တယ်လို့ ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ တစ်ဦးနဲ့ တစ်ဦးက စိတ်ကူးချင်းမတူကြဘူး၊ အိမ်ခြံမြေဈေးကွက်ထဲမှာ ရင်နှီးမြှုပ်နံှမယ်ဆို ကိုယ်တိုင်နေနိုင်မယ့် နေရာမျိုးလား၊ ဈေးက ပုံမှန်ထက်ပိုချောင်နေလားလေ့လာပါ၊ အခုချိန်မှာတော့ ကွန်ဒိုနဲ့ မြေလိုမျိုးတွေက ပိုအဆင်ပြေတယ် ‘ လို့ သူ့အမြင်ကိုပြောပါတယ်။
အိမ်ခြံမြေဈေးကွက်က အရင်ကလိုမဟုတ်တော့ဘဲ ဈေးကွက် လှုပ်ရှားစ ပြုနေတာကြောင့်ပါ။ ကွန်ဒိုဥပဒေကလည်း အတည်ပြုထားတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေလည်း ပိုဝင်လာနိုင်တယ်။
မြေကတော့ ရင်နှီးမြှုပ်ထားဖို့ အကောင်းဆုံဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအချိန်က ဝယ်လို့အဆင်ပြေတဲ့ အချိန်လို့ပြောကြပင်မဲ့ ဝယ်တဲ့သူတွေကလည်း အစိုးရသစ် အပြောင်းအလဲမှာ ဈေးထိုးကျသွားတာမျိုးဖြစ်မှာလည်း စိုးရိမ်နေကြပါတယ်။
ဈေးကွက်ထဲမှာ တချို့က ဈေးနှုန်းပြင်ပြီး ဈေးလျှော့ရောင်းကြတာတွေရှိပေမဲ့ အရောင်းမထွက်တာတွေ ရှိနေပါတယ်။ အရောင်းအဝယ်ဈေး ကျတယ် ပြောနေကြပေမဲ့ တကယ်တော့ ပုံမှန်ဈေးတန်း သဘော ပြန်ဖြစ်နေတာလို့ သိရပါတယ်။
ဒဂုံသီးသန့် အကျိုးဆောင် မကေသီက " ဈေးနှုန်းကို ပြန်ပြင်ပြီး ရောင်းတယ်ဆိုတာကလဲ ဝယ်လက်ကိုဆွဲဆောင်မှုတစ်ခုပါ၊ တကယ်တော့ မှုရင်ဈေးထက် ဈေးနည်းနည်းလျော့ပြီး ရောင်းတာမှန်ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ဈေးတွေနဲ့ ယှဉ်ရင် ဈေးမြင့်နေပါသေးတယ်" လို့ ပြောပါတယ်။
အကျိုးဆောင်တချို့ကတော့ အရင်ကတော့ ဈေးမြင့်နေသေးတာက လက်ရှိရောင်းတဲ့သူတွေက အရှုံးခံရောင်းကြပေမဲ့ ဝယ်လက်နဲ့ ဝယ်ရောင်း အပြောင်းအလဲတွေရဲ့ လက်လွှဲရောင်းတာတွေများပြီး အဆင့်ဆင့်တင်ထားတဲ့အမြတ်တွေကြောင့် မူရင်းဈေးနှုန်းကို ပြန်မရနိုင်တာ ဖြစ်ပါတယ်။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုမှာ အများစုက လက်ရှိအချိန်မှာ ဈေးကွက်မတည်ငြိမ်တာကြောင့် အချိန်ယူစဉ်းစာနေကြတဲ့သဘောဖြစ်တယ်လို့ သိရပါတယ်။ဈေးကွက်တည်ငြိမ်မှ ဝယ်ချင်သူတွေဆိုရင်တော့ တစ်နှစ်လောက်အထိ အခြေအနေစောင့်သင့်တယ်လို့လည်း သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က" ဈေးက အရမ်းမတက်နိုင်ဘူး။ဒါပင်မဲ့ အိမ်ခြံမြေဈေးကို တက်မလား၊ ကျမလား၊ ဘယ်သူက အသေအချာမပြောနိုင်သေးပါဘူး၊ ကိုယ့်စိတ်ကူးတည့်ရာကို ဝယ်ပြီး ရင်းနှီးမြှုပ်နှံနေကြတာပဲ "လို့ ပြောပါတယ်။တခိျိ့ကတော့ ဈေးကွက်က မတည်ငြိမ်သေးတာကြောင့် မဖြစ်သင့်တဲ့နေရာမှာ ရင်းနှီးမြှုုပ်နှံမိရင် မှန်လား၊ မှာလား စောင့်ကြည့်ရမှာပါပဲ။ အများစုကတော့ သီလဝါ၊ ဒလ ၊ ပဲခူး ၊ ဒဂုံမြို့သစ်နဲ့မြို့သစ်စီမံကိန်းတို့လိုနေရာတွေမှာ စိတ်ဝင်စားမှု ပိုများတယ်လို့သိရပါတယ်။
Ref : The Kumudra
Photo Credit : myanmar insider
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties