By 7daydaily, Shweproperty.com
Updated at 17 September 2015
ရန်ကုန်မြို့တော်စည် ပင်က လေလံတင်မည့် မြေကွက် ၇၀ ကျော် လေလံတင်မည့် ရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မြေကွက်အချို့တွင် ပိုင်ဆိုင် မှု အငြင်းပွားမှုများရှိနေခြင်း ကျူး ကျော်မြေကွက်များပါဝင်နေခြင်း၊ လယ်သမား အချို့က ကန့်ကွက် မှုများ ရှိနေခြင်းတို့ကြောင့် မြေကွက်များလေလံတင်ခြင်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခြင်း ဖြစ်သည်။
လေလံပွဲကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီကမူလ သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တွင် သတ်မှတ်ထားရာမှ စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်သို့ ရွှေ့ဆိုင်းခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်သို့ ဒုတိယအကြိမ်ရွှေ့ဆိုင်းလိုက်ပြီးနောက် ယခုအပြီးသတ်ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လေလံဝင်မည့် သူများ လေလံအာမခံကြေးများ ကို စည်ပင်သာယာအဆောက် အအုံဌာနတွင် ပြန်လည်ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။ အစိုးရသက်တမ်း ကုန်ဆုံးခါနီးတွင် ယခုကဲ့သို့ မြို့တော်စည်ပင်က မြေကွက်များကို အလောတကြီးရောင်းချနေခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ဌာနတွင်း ဘတ်ဂျက်လိုအပ်ချက်ကြောင့် ယခုကဲ့သို့ရောင်းချရခြင်း ဖြစ်သည်ဟု ပြောဆိုခြင်းမှာ သဘာ၀ မကျကြောင်း မြို့ပြစီမံကိန်းပညာရှင် တစ်ဦးက ပြောသည်။
‘‘ရန်ကုန်မြို့တော် စည်ပင် အနေနဲ့ အိမ်ရာစီမံကိန်းတွေအ တွက် မြေကွက်တွေ ရှားပါးနေတဲ့ အထဲက ဘာကြောင့် မြေတွေ ရောင်းချသလဲဆိုတဲ့ မေးခွန်းကို ဖြေစေချင်ပါတယ်။ အထူးသဖြင့် မြေဈေးတွေကျနေတဲ့အချိန်မှာ ထုတ်ရောင်းတာပိုပြီး အံ့သြဖို့ ကောင်းလွန်ပါတယ်’’ဟု ၎င်းက ဝေဖန်သည်။
လေလံတင်မည့်မြေကွက်များတွင် ပေ ၄၀×၆၀၊ ပေ ၁၅၀×၈၀ မြေကွက်များပါဝင်ပြီး သာကေတ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပအစရှိသည့် မြို့စွန်မြေကွက်အများစုဖြစ်ကာ ဌာနအတွင်း ဘတ်ဂျက်လိုငွေမြင့်မားနေ၍ လေလံတင်ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက လေလံတင်ရန် စီစဉ်ကာ ပြောကြားထားဖူးသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ တော်စည်ပင်က အချက်အချာကျ သည့် မြို့တွင်းမြို့နယ်များမှ မြေ ဧကကျယ်သည့် မြေခုနစ်ကွက်ကို ပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ ဖူးပြီး ဒုတိယအကြိမ်အဖြစ် မြို့စွန်လေးမြို့နယ်မှ မြေကွက်အချို့ကို လေလံတင်ရောင်းချထားသည်။ တတိယအကြိမ်အဖြစ် ပြီးခဲ့သည့် လကစည်ပင်ပိုင်မြေကွက်အချို့ ကို ရောင်းချခဲ့ပြီး စတုတ္ထအကြိမ် သည် မြို့တော်စည်ပင်မြေကွက် အရေအတွက်အများဆုံးလေလံ ခေါ်ယူမှု ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties