By The Kumudra, Shweproperty.com
Updated at 26 July 2016
လုံးချင်းအိမ်၊ မြေကွက်တွေကိုလည်း တိုက်ခန်းတွေ ရောင်းချတဲ့ ပုံစံတွေလို အရစ်ကျနဲ့ မြေကွက်တန်ဖိုး တစ်ဝက်နီးပါး ငွေပေးသွင်းပြီးရင် နေခွင့်ပြုတဲ့ ပုံစံတွေနဲ့ ပုံစံပြောင်းရောင်းချလာကြတာတွေ ရှိတယ်လို့ သိရပါတယ်။
ရောင်းချတဲ့အခါမှာ အရစ်ကျဘယ်နှကြိမ်သွင်းရမယ်၊ အရှုပ်အရှင်းတာဝန်ယူတယ်၊ ငွေတန်ဖိုး ပမာဏ ဘယ်လောက်သွင်းပြီးရင် လူနေခွင့်ရမယ် စတဲ့ အချက်တွေနဲ့ ကြောငြာတာမျိုတွေ ရှိလာတာပါ။ အရောင်းအဝယ်ဈေးကွက်မကောင်းတာကြောင့် ရောင်းတဲ့သူတွေက ဝယ်သူစိတ်ဝင် စားအောင် ဝယ်နိုင်တဲ့ပုံစံနဲ့ အရှုံးလည်းမဖြစ်အောင် ရောင်းချကြတာဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ ကျွမ်းကျင်သူတချို့က ပြောကြပါတယ်။
လသာမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်လတ်က "တကယ်တော့ ဒါက ဝယ်သူကို ဆွဲဆောင်တဲ့ နည်းတစ်မျိုးပါ၊ တကယ် လေ့လာကြည့်ရင် ဈေးကလဲ ပုံမှန်ဈေးတန်းနဲ့ပါပဲ ၊ သူက အရစ်ကျပေးဝယ်လို့ ရတာကြောင့် ဝယ်သူအတွက် ငွေအလုံးလိုက်ပေးစရာမလိုဘူးပေါ့၊ တစ်ခုသတိပြုမှာက ခိုင်မာရဲ့လား ၊ ရှေ့နေနဲ့ ချုပ်ဆိုခွင့်ရမှာလား ၊ သူပြောထားတဲ့ ကန့်သတ်ချက်တွေကို သေချာသိဖို့တော့ လိုမယ်" လို့ ပြောပါတယ် ။
တချို့ရောင်းချသူတွေက အရစ်ကျကို လေးရစ်သွင်း၊ ငါးရစ်သွင်း၊ ခြောက်ရစ်သွင်း စတဲ့ ပုံစံမျိုးစုံနဲ့ ရောင်းထွက်အောင် လုပ်ဆောင်နေကြပေမဲ့ ဝယ်သူဈေးကွက်ကတော့ မရှိသလောက် ပျောက်နေတာ ဖြစ်တယ်လို့သိရပါတယ် ။
ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက "တချို့က ပေးသွင်းရတဲ့ငွေ အရစ်ကျကို ညှိနှိုင်းပြီး ပေးလို့ရတဲ့အထိ ခွင့်ပြုပေးထားတာတွေ ရှိတယ်၊ အဓိကကတော့ ဝယ်သူက သေချာစိစစ်သင့်တာပါ၊ တချို့တွေက ရောင်းတဲ့ပုံစံကသာ လျှော့ထားသလို ရောင်းတာ၊ တကယ့်တန်ဖိုးကတော့ မလျှော့ထားဘူး၊ တချို့ဆို ပေါက်ဈေးအမြင့်အတိုင်း ရောင်းတာ၊ တချို့က လိမ်တာတွေလဲရှိတော့ သေချာစိစစ်ပြီးမှပဲ စိတ်ချရမယ်" လို့ သိထားသင့်တဲ့ အချက်တွေကို ပြောပြပါတယ်။
တချို့တွေက ဥပမာ အပြင်မှာတိုက်ရိုက်ဝယ်ရင် ကျပ်သိန်း ၄၅၀ လောက်နဲ့ ရနိုင်တာကို သိန်း ၅၀၀ ကျော် သိန်း ၆၀၀ လောက်နဲ့ ရောင်းကြတာတွေ လည်း ရှိတယ်လို့ သိရပါတယ်။ ဝယ်ယူမယ့်သူတွေအနေနဲ့ ရောင်းသူဘက်က ရှေ့နေရှိတယ်ဆိုရင်တောင် ကိုယ့်ဘက်ကနေလည်း စိတ်ချယုံကြည် ရမယ့် ရှေ့နေမျိုးနဲ့ ချုပ်ဆိုသင့်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : casa.sapo
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties