By 7daydaily, Shweproperty.com
Updated at 3 December 2015
ကျေးရွာမြေငှားဂရန်ချ ပေးမှုသည် ယခင်ကတည်းကရှိခဲ့ သည့် ကျေးရွာများရှိ မြေကွက်များအတွက်သာ အကျုံးဝင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောသည်။
အစိုးရက မြို့နယ်တစ်ခုတွင် ကျေးရွာတစ်ရွာကို မြေငှားဂရန် ချပေးသည့် ရှေ့ပြေး အစီအစဉ် ဆောင်ရွက်ခဲ့ပြီးနောက် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကျေးရွာ များသို့ မြေငှားဂရန်ချပေးတော့ မည်ဟု ဆိုသဖြင့် စီးပွားရေးသမား အချို့က စိုက်ပျိုးမြေများကို အ ကွက်ဖော်ကာ တန်ဖိုးနည်း မြေ ကွက်များအဖြစ် ရောင်းချမှုများ တွင်ကျယ်စွာ ဖြစ်ပေါ်နေသည်။
မြေငှားဂရန်ချပေးမည့်အစီ အစဉ်သည် ယခင်ရှိပြီးသားရွာ ဟောင်းများတွင် ပိုင်ဆိုင်မှုအ ထောက်အထားတစ်စုံတစ်ရာမရှိ သောကြောင့် မြို့ပေါ်ရပ်ကွက် များကဲ့သို့ မြေပိုင်ဆိုင်မှုအထောက်အထားရရှိစေရန်သာ ဆောင်ရွက်ပေးခြင်းဖြစ်၍ ယခုမှအကွက်ဖော်ရောင်းချမှု ပြုလုပ်နေသော မြေကွက်များနှင့် သက်ဆိုင်ခြင်းမရှိဟု ဝန်ကြီး ဦးစိုးမင်းက ဆိုသည်။
‘‘အခုလုပ်နေကြတဲ့ မြေကွက်တွေနဲ့ မဆိုင်ဘူး။ အကွက်ဖော် ရောင်းနေတဲ့ သူတွေကိုလည်း သတင်းရရင်ရသလိုခေါ်ပြီး သတိ ပေးပြောတာတွေရှိတယ်။ စိုက်ပျိုးမြေဖြစ်တဲ့အတွက် အိမ်ဆောက် လို့လည်းမရဘူး။ ဌာနဆိုင်ရာမြေ ကျူးကျော်လုပ်စားရင် အရေးယူ တောင်ခံရဦးမယ်။ အခုတရားမ ဝင်ရွာကွက်ဖော်တဲ့ ဟာတွေက ခိုင်မာမှုမရှိလို့ ရွာလုံးကျွတ်တောင် ဖယ်ရှားခံရနိုင်တယ်’’ဟု ၎င်းက ပြောသည်။ ထိုသို့အကွက်ဖော်ရောင်းချမှုကို လှည်းကူးမြို့နယ်တွင်းရှိ ကျွန်းကလေး၊ ငါးဆူတောင်စသည့် ကျေးရွာများနှင့် ရန်ကုန်-နေပြည်တော်အမြန်လမ်းမအနီး မြေကွက်များတွင်ပြုလုပ်မှုအများဆုံးရှိကြောင်း သိရသည်။ မြေကွက်ဈေးနှုန်းမှာ ကျပ်ထောင်ဂဏန်းမှစ၍ ကျပ် ငါးသိန်းခန့်နှုန်း များဖြင့် ခိုင်မာသည့် အထောက် အထားတစ်စုံတစ်ရာပြသနိုင်ခြင်း မရှိဘဲ ရောင်းချမှုများပြုလုပ်နေ ကြကြောင်း ဝယ်ယူရန် သွားရောက်စုံစမ်းခဲ့သူများက ပြောသည်။
‘‘သွားဝယ်ကြတဲ့အထဲမှာ ရပ်ကွက်ထဲက လူတွေတော်တော် များများပါတယ်။ တချို့တွေဆို ပွဲ စားကတစ်ဆင့် အလိမ်ခံလိုက်ရ ပြီး မရှိမဲ့ရှိမဲ့ ပိုက်ဆံဆုံးရှုံးသွားတာ တွေတောင်ရှိတယ်’’ဟု ထောက်ကြန့် တိုးချဲ့ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးညီအောင်က ပြောသည်။ထိုသို့ရောင်းချရာတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းအချို့နှင့် နိုင်ငံရေးပါတီအ ချို့ကလည်း ပါဝင်ပတ်သက်မှုရှိ နေသည်ဟု ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။
‘‘အခု သုံးသိန်းခွဲနဲ့ ရောင်းချ နေတယ်။ မရှိဆင်းရဲသားများအ တွက်ဆိုပြီး စရောင်းပေးတုန်းက ကျပ် ငါးသောင်းနဲ့ ရောင်းတာ။ တာဝန်ခံကငွေကို လက်ခံယူပြီး အထောက်အထားတစ်စုံတစ်ရာမ ပေးဘူး။ ကျွန်တော်သွားတဲ့နေ့က လူ ၂၀၊ ၃၀ ကျော် ငွေပေးချေတာ တွေ့တယ်။ နောက်နေ့ကျတော့ အကွက်ပြပေးတယ်။ ပိုင်ဆိုင်မှုက တော့ ဘာမှမပြဘူး။ အခုဆောက် လုပ်ထားတဲ့ ပုံစံတူအိမ်လေးတွေ ၅,၀၀၀ ကျော်လောက်ရှိတယ်’’ဟု လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမအနီး မြေကွက်ဝယ်ယူရန် သွားရောက်စုံစမ်းခဲ့သူတစ်ဦးက ပြောသည်။
ထို့အပြင် လှိုင်သာယာမြို့ နယ်အတွင်း၌လည်း အစိုးရက မြေ ငှားဂရန်ချပေးရန်ရှိသည်ဟု ဆို ကာ ပေ ၂၀×ပေ၄၀ မြေကွက်တစ်ကွက်လျှင် ကျပ် ၁၀ သိန်းမှ ကျပ် သိန်း ၅၀ ခန့်နှုန်းဖြင့် အကွက်ချ ရောင်းချမှုများ ဖြစ်ပေါ်နေသည်။
အဆိုပါ မြေကွက်များမှာ အစိုးရက စီစဉ်ဆောင်ရွက်ခြင်းမ ဟုတ်သကဲ့သို့ မည်သည့်အ ထောက်အထားမျှ ထုတ်ပေးမည် မဟုတ်သောကြောင့် ဝယ်ယူသူ များအနေဖြင့် ဆုံးရှုံးမှုများရှိနိုင် သည်ဟု ဦးစိုးမင်းက ဆိုသည်။
မြေကွက်ဈေးနှုန်းများသည် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော နှုန်းများထက်အဆမတန်သက်သာနေပြီး ဂရန်ရရှိနိုင်သည့် အခွင့်အလမ်းများလည်းရှိသည်ဟုဆိုကာ ဝယ်ယူစုဆောင်းမှုအများအပြားရှိနေကြောင်း ယင်း ဈေးကွက်မှ သိရသည်။
Ref : 7daydaily
Photo Credit : Landquality
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties