By The Kumudra, Shweproperty.com
Updated at 18 May 2016
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက် အတွင်း အရောင်းအဝယ်ဈေးကွက် အေးစက်လာတာနဲ့ အမျှ မြို့ပြင်ကကျပ်သိန်း ၁၀၀ အောက် မြေကွက်တွေ အရောင်းပြန်တင်ပြီး ဈေးကွက်ပြန်ရှာလာတာတွေ၇ှိနေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
"အရောင်းဘက်မှာ ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းဘက်က အကွက်ရိုက်မြေကွက်တွေကို အရောင်းပြန်တင်လာကြတယ်၊ဒီမြေကွက်တွေက တချို့နေရာတွေမှာဆိုရင် သိန်းဆယ် ဂဏန်းလောက်ပဲရှိတော့ သိန်း၁၀၀အောက် မြေကွက်ဆိုပြီး အရောင်းပြတာတွေရှိတယ်" လို့ ဒဂုံဆိပ်ကမ်းမြို့ နယ်အတွင်းက အိမ်ခြံမြေအကျိုးဆောင် မဒီဇင်ဘာက ပြောပါတယ်။
သည်မြေကွက်အများစုက လက်ရှိမှာ အကွက်ရိုက်ပြီး ပြန်လည်ရောင်းချတဲ့ စလစ်နဲ့ ပါမစ်မြေတွေဖြစ်ပြီး အများစုက မြေကွက်ထက် လယ်မြေလို သွားလာဖို့ခက်ခဲတဲ့ နေရာတွေက မြေကွက်တွေများ ပါတယ်။တချို့မြေကွက်တွေက လျှပ်စစ်မီးရတာတွေရှိပေမဲ့ တချို့နေရာတွေကတော့ လမ်းဖောက်ထားရုံသာ ရှိသေးတဲ့ နေရာတွေလည်းဖြစ်ပါတယ်။အများစုကတော့ ယခင်က ကျေးရွာတွေဖြစ်ပြီး အခုနောက်ပိုင်းရပ်ကွက် အမည်ပေးထားတဲ့ မြု့နယ်အသစ်တွေများပါတယ်။
ပေ၂၀ x ပေ ၆၀ အကွက်တွေရှိသလိုမိမိစိတ်ကြိုက် အကျယ်အဝန်း သတ်မှတ်ပြီးဝယ်ယူနိုင်တဲ့ မြေနေရာတွေလည်း ရှိနေပါတယ်။ ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၆၀ ဝန်းကျင်ကနေ ကျပ်သိန်း ၉၀ လောက်ထိ မြေနေရာနဲ့ ရပ်ကွက်အလိုက် ကွာခြားမှုရှိနေပါတယ်။
နောက်ပိုင်း ရောင်းချတဲ့ မြေကွက်ကတော့ လယ်ကွင်းပြင်နေရာတွေဖြစ်ပေမဲ့ အကွက်တွေကို ခြံစည်းရိုးခတ်ပြီး မြေကွက်သတ် မှတ်ရောင်းချတာများပါတယ်။
သည်လိုတန်ဖိုးနည်း မြေကွက်တွေအများဆုံးရှိတဲ့ မြို့နယ်တွေကတော့ ဒဂုံဆိပ်ကမ်း ၈၄၊ ၈၅၊ ၈၆၊ ၈၉ စတဲ့ ရပ်ကွက်တွေမှာရှိသလို တောင်ဒဂုံနဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်တွေက အမှတ်(၂)လမ်းမကြီးအတွင်းဘက်တွေမှာလည်း သည်လိုမြေကွက်တွေအများအပြားရှိတယ်လို့ သိရပါတယ်။
တချို့မြေကွက်တွေရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေက စလစ်နဲ့ ပါမစ်မြေတွေဖြစ်ပေမယ့် တချို့နေရာတွေကတော့ လယ်မြေတွေဖြစ် တာကြောင့် ဝယ်ယူသူတွေအနေနဲ့ စာရွက်စာတမ်းတွေကို သတိပြုဝယ်ယူသင့်ပါတယ်။
လယ်ယာမြေကို လူနေမြေ အဖြစ် ပြောင်းလို့ရနိုင်ပေမဲ့ လယ်မြေကိုတော့ လက်ရှိအချိန်အထိ လူနေအိမ်ဆောက်လုပ်ဖို့ မရနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့လဲသိရပါတယ်။
သည်လိုတန်ဖိုးနည်းမြေကွက်တွေက အရင်ကအွန်လိုင်းမှာသာအရောင်းတင်ပြီး ရောင်းချတာတွေရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ ပြင်ပဈေးကွက်တွေမှာပါ ဝယ်လက်ကိုပြပြီး အရောင်းပြတာတွေရှိတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : ygnnews
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties