By 7daydaily, Shweproperty.com
Updated at 8 February 2017
မြေယာအငြင်း ပွားမှုပြဿနာများ ဖြေရှင်းရာ တွင် အရေးပါသည့် မြေကြီး၊ မြေ ပုံနှင့် မြေစာရင်းများ မှန်ကန်ရေး ဆောင်ရာ၌ ဌာန၏ ဖွဲ့စည်းပုံဝန်ထမ်းအင်အားနှင့် ဘဏ္ဍာငွေရ ရှိမှုတို့က လုပ်ငန်းတိုးတက် အောင် ဆောင်ရွက်ရေး အကန့် အသတ်များ ရှိနေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးလှကျော်က ပြောသည်။
ဖေဖော်ဝါရီ ၇ ရက်က နေ ပြည်တော်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်း အဝေး၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေက မြေယာအငြင်းပွားမှု ပြဿနာများ ဖြေရှင်းရာတွင် အရေးပါသည့် မြေကြီး၊ မြေပုံ၊ မြေစာရင်းများ မှန်ကန်စေရေး အစီအမံများ ဆောင်ရွက်ထားရှိမှုကို သိလို ကြောင်း မေးမြန်းမှုအပေါ် ဒုဝန် ကြီးက ယင်းသို့ ဖြေကြားခြင်းဖြစ် သည်။
‘‘မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင် နှုန်းသော ပြည်သူလူထုဟာ မြေ ကြီးကို အားပြုပြီးတော့ စိုက်ပျိုး ရေးလုပ်ငန်းကို အဓိကလုပ်ကိုင် နေကြတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် မြေကြီး၊ မြေပုံ၊ မြေစာရင်းမှန်ကန်ရေးဟာ အလွန် အရေးကြီးလှပါတယ်။ ဒါပေမဲ့ နိုင်ငံတော်စီမံကိန်းတွေ အကောင် အထည်ဖော်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ မြေယာအငြင်းပွားမှု ပြဿနာပေါ်ရင်ပဲဖြစ်ဖြစ် မြေကြီး မြေပုံ မြေစာရင်း အထောက် အထားများဟာ အားနည်းလျက်ရှိ ပါတယ်’’ဟု ဦးကျော်ဆွေက မေး ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ယခင်က သမားရိုးကျ မြေ တိုင်းတာခြင်းနှင့် မြေပုံရေးဆွဲခြင်း များတွင် အားနည်းချက်များစွာ ရှိ နေ၍ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းဦးစီးဌာနသည် ၂၀၁၁ ကစ၍ ခေတ်မီမြေတိုင်းပစ္စည်း ကိရိယာများ အသုံးပြုပြီး မြေပြင် တိုင်းတာရေးနှင့် မြေပုံရေးဆွဲရေး ဆိုင်ရာ နည်းစနစ်များနှင့် ဒစ်ဂျစ် တယ်မြေပုံများ တိုင်းတာထုတ် လုပ်ပေးနိုင်ရေး ရန်ပုံငွေခွင့်ပြု ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိ သည်ဟု ဒုဝန်ကြီးက ပြောသည်။
‘‘ဒီ ခေတ်မီနည်းစနစ်တွေနဲ့ ဆောင်ရွက်နိုင်သော်ငြားလည်း လက်ရှိဌာနရဲ့ ဖွဲ့စည်းပုံအင်အား၊ ဘဏ္ဍာငွေရရှိအသုံးချတဲ့အပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့ လုပ်ငန်းကို တိုးတက်ဆောင်ရွက် နိုင်ဖို့ အခြေအနေမှာ တချို့အပိုင်း လေးတွေမှာ အကန့်အသတ်များ ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties