By 7daydaily, Shweproperty.com
Updated at 7 October 2015
ဒေသ အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ပြည်လေ ယာဉ်ကွင်းအတွင်းရှိ ၅၂ ပေပတ် လည်မြေနေရာ တစ်ခု၌ မြေသန့်မင်္ဂလာပြုလုပ်ထားပြီး ယင်းနေရာကို အနှောင့်အယှက် မပြုနိုင် ရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အ စောင့်ချထားကြောင်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။
‘‘တိုင်းပြည်ရဲ့သဘာဝဘေး အန္တရာယ်တွေ ကင်းဝေးစေဖို့ အေးချမ်းသာယာစေလိုတဲ့ အ တွက် ရည်ရွယ်ပြီး မြေသန့်မင်္ဂလာ ပြုလုပ်စီမံထားရှိတာပါ’’ဟု ပြည် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင် မောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အေးချမ်းသာ ယာစေရန် တစ်တိုင်းပြည်လုံး ကိုယ်စားပြုသည့်အနေဖြင့် ပြည် မြို့ကို အချက်အချာကျလှသည့် နေရာအဖြစ် သတ်မှတ်ကာ အစီ အမံကို ရွေးချယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်မောင်ဝင်းက ပြောသည်။
‘‘ဘယ်နေ့အထိ ထားမယ် တော့မသိဘူး။ စီမံထားတဲ့နေရာ ကို အနှောင့်အယှက်ပြုတာမျိုး မဖြစ်ရအောင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကို အချိန်ပိုင်းနဲ့ တာဝန်ပေးထား ပါတယ်’’ဟု ပြည်မြို့နယ်အမှတ် (၃)ရဲစခန်းမှူးက ပြောသည်။
အဆိုပါ အစီအမံများကို အာဏာပိုင်များ၏ညွှန်ကြားချက် အရ အောက်တိုဘာ ၂ ရက်ည ၁၀ နာရီမှစတင်၍ မြေနေရာမြေ ညှိခြင်းများ၊ ရာဇမတ်ကာရံခြင်း များချက်ချင်းပြုလုပ်ပြီး အောက် တိုဘာ ၃ ရက် နံနက် ၆ နာရီတွင် သံဃာတော် ခုနစ်ပါးအား ပင့် ဆောင်၍ မြေသန့်မင်္ဂလာ စီမံခဲ့ သည်ဟု ပြည်မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
‘‘ညတွင်းချင်းပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အစည်း အဝေးခေါ်ပြီး မနက် ၆ နာရီအပြီး စီမံဆောင်ရွက်ခဲ့တယ်။ ကျွန် တော်တို့က ဝါးတွေ ရှာပေးခဲ့ရ တယ်။ မနက် ၆ နာရီအမီ ဆောင် ရွက်ရတာ ဖြစ်တယ်လို့ သိရတယ်’’ဟု ပြည်မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ဈေးကြီး အချို့တွင်လည်း ဈေးခေါင်မိုးများ ပေါ်၌ ကျောက်ဖရုံသီးများထားရှိ ပြီး ယင်းနှင့်ပတ်သက်၍ သက် ဆိုင်ရာစည်ပင်ဌာနများက တရား ဝင်ပြောကြားမှုများ မရှိသေးပေ။
Ref : 7daydaily
Photo Credit : Mother Jones
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties