By 7daydaily, Shweproperty.com
Updated at 29 May 2015
၂ နှစ်ဆက်တိုက် အရောင်းအဝယ်သွက်ကာ ဈေးနှုန်း မြင့်တက်ခဲ့သော မန္တလေးတိုင်းရှိ လယ်ယာမြေများ သင်္ကြန်ကာလ နောက်ပိုင်းအရောင်းအဝယ်အေးကာ ဈေးနှုန်းများ ပြန်လည်ကျ ဆင်းလာကြောင်း အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းများမှ သတင်းရရှိသည်။
အစိုးရသစ်လက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၁၂ လယ်ယာမြေဥပဒေ၌ တောင်သူလယ် သမားများပိုင် လယ်ယာမြေများ ကို ပေါင်နှံရောင်းချခွင့်ပြုခဲ့ပြီး နောက် ဈေးနှုန်းမြင့်တက်ခဲ့သော လယ်ယာမြေများသည် ယခုအခါ အရောင်းအဝယ်အေးသွားခြင်း ဖြစ်သည်။
မန္တလေးမြို့အနီးဝန်းကျင် လယ်ယာမြေများအပါအဝင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ် ယာမြေများ၊ ပြင်ဦးလွင်မြို့အနီးရှိ လယ်ယာမြေများနှင့် စီမံကိန်းများအကောင်အထည်ဖော်မည်ဆို သည့် ဒေသများရှိ လယ်ယာမြေ များသည် ယခုအခါ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာနေကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုး ဆောင်များက ပြောကြားသည်။
‘‘အဓိကကတော့ တရုတ်ငွေ ကြေးပေါ့။ ပြည်တွင်းက နိုင်ငံ သားတရုတ်တွေကို ပြည်ပက တရုတ်တွေက ငွေကြေးထောက် ပံ့ပြီး အိမ်ခြံမြေလုပ်ငန်းမှာ လုပ် ကိုင်ကြတာ။ အခုပြည်ပက တရုတ်တွေက သူတို့ငွေတွေ ပြန်ထုတ် သွားတော့ ဒီမှာက အခွံပဲ ကျန် တော့တာ။ အဲဒါကြောင့် အရောင်းအဝယ်အေးသွားတယ်’’ဟု ရွှေ မန္တလေးအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က ပြောသည်။
တံတားဦး၊ ပုသိမ်ကြီးကဲ့သို့ မန္တလေးမြို့အနီး မြို့နယ်များမှ လယ်ယာမြေများသည် ၂၀၁၄ နှစ် ကုန်အထိ ဆက်တိုက်အရောင်း အဝယ်ဖြစ်ကာ ဈေးနှုန်းမြင့်တက် ခဲ့သော်လည်း လက်ရှိတွင် ရောင်းသူများပြီး ဝယ်သူမရှိသလောက်ဖြစ်နေသည်။
လယ်ယာမြေများ ဝယ်ယူ စုဆောင်းထားပြီး ဈေးအတက် စောင့်နေသူများကလည်း ဈေးလျှော့ကာ ပြန်ရောင်းနေကြပြီး အရောင်းအဝယ် ရပ်ဆိုင်းလုနီးဖြစ်နေသည်ဟု အိမ်ခြံမြေအကျိုး ဆောင်များကပြောသည်။
ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြေတိုင်းစာရေးကဲ့သို့ မြေတိုင်းဦးစီးဌာနဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများနှင့် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများအနေ ဖြင့် ဥပဒေနှင့် မညီသည့် လယ် ယာမြေအရောင်းအဝယ်လုပ်ငန်း များတွင် ပါဝင်ပတ်သက်ခြင်းမပြု ရန်နှင့် အစိုးရဝန်ထမ်းများ ပါဝင်ပတ်သက်နေပါက အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လွန်ခဲ့သည့် တစ်လခန့်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကြေညာချက်ထုတ်ပြန်ပြီး နောက် ယခင်က လက်ညှိုးထိုး ရောင်းပြီး ဈေးကောင်းခဲ့သော ပြင်ဦးလွင်မြို့အနီး လယ်ယာမြေအ ရောင်းအဝယ်လုပ်ငန်းများ ဈေး နှုန်းရော အရောင်းအဝယ်ပါ သိသိသာသာကျဆင်းသွားသည်ဟု ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
‘‘ပြင်ဦးလွင်မှာက လယ်ယာ မြေတွေကို လက်ညှိုးထိုးရောင်း တာများတယ်။ ပြီးရင် အကွက် စိတ်ပြီး ပြန်ရောင်းကြတယ်။ မြေ ယာပြဿနာတွေဖြစ်တော့ အခု အစိုးရက ဝန်ထမ်းတွေပါနေရင် အရေးယူမယ်ဆိုတော့ အရောင်း အဝယ်က ငြိမ်သွားတယ်။ တချို့ ဝယ်ထားသူတွေတော့ ပိုက်ဘော မိနေတယ်’’ဟု ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးဒိုပုန်း က ပြောသည်။
လက်ရှိတွင် မန္တလေးမြို့အနီး လယ်ယာမြေသာမက မန္တလေးမြို့ အိမ်ခြံမြေများ အရောင်းအဝယ်မဖြစ်သလောက် အေးနေသည်ဟု မန္တလေးမြို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။
အစိုးရသစ်လက်ထက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအတည် ပြုပြဋ္ဌာန်းကာ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ဝင်ရောက်လာမှုမရှိခြင်း၊ ကျောက်စိမ်းကျောက်မျက် အရောင်းအဝယ်လုပ်ငန်း ဈေးကွက်ပျက်နေခြင်းကဲ့သို့ အခြားစီးပွားရေးလုပ်ငန်းများ အဆင်ပြေမှုမရှိခြင်းတို့ကြောင့် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကျဆင်းခြင်း ဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
‘‘ကျွန်တော်တို့နယ်က မြေ တွေဆိုရင် အရင်လို တောက် လျှောက်လာဝယ်နေတာမျိုး မရှိ တော့ဘူး။ အခုတစ်လော အရောင်းအဝယ်တော်တော်ပါးသွားတယ်’’ဟု တံတားဦးမြို့နယ် သူငယ်တော်ရွာနေ ကိုအောင်ကျော်မြင့်က ပြောသည်။
တံတားဦးမြို့နယ်သည် မန္တ လေးမြို့အနီးတွင် တည်ရှိကာ တံတားဦးဟိုတယ်ဇုန်စီမံကိန်း အ ကောင်အထည်ဖော်မည့် သတင်း များကြောင့် လယ်ယာမြေဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သည်။ ယခင်က တစ်ဧကကျပ် သိန်းတစ် ရာအောက်သာ ဈေးပေါက်ခဲ့ သော လယ်ယာမြေများမှာ တစ် ဧက ကျပ်သိန်း ၃၀၀ ခန့်မှ လမ်း ဘေးနေရာကောင်းလျှင် တစ်ဧက ကျပ်သိန်း ၁,၀၀၀ ကျော်အထိ ဈေးပေါက်ခဲ့သည်ဟု ဆိုသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ် ပြီး လက်ရှိအခြေအနေအရ အိမ် ခြံမြေဈေးကွက်အရောင်းအဝယ် ပြန်လည်ကောင်းလာနိုင်ဖွယ် မရှိဘဲ ဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်သည်ဟု မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်အချို့က ခန့်မှန်းသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties