By 7daydaily, Shweproperty.com
Updated at 28 January 2016
ပုံစံ(၁၀၅)ကျပြီဟုဆိုကာမြို့စွန်များတွင် အကွက်ချရောင်း ချနေသည့် ကျပ်သိန်း ၂၀ ခန့် ပေါက်ဈေးရှိ တန်ဖိုးနည်းမြေ ကွက်များကို ခိုင်မာမှုမရှိဘဲ မဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
မြို့စွန်ဧရိယာများတွင် မြို့ သစ်စီမံကိန်း ဧရိယာအတွင်း ပါ ဝင်နိုင်မည်ဟု ယူဆပြီး လိုက်လံဝယ်ယူနေသူများအား အိမ်ခြံမြေ အကျိုးဆောင်များက သတိပေး နေခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ထန်း တပင်နှင့် ရွှေပြည်သာတံတားအ ဆင်း မြေနေရာနှင့် ရန်ကုန်တွံ တေးကားလမ်းမပေါ်ရှိ မြေနေရာ အချို့တွင် တန်ဖိုးနည်း မြေကွက် များဟုဆိုကာ ပေ ၂၀×၆၀ မြေ ကွက်များကို ကျပ်သိန်း ၂၀ ခန့် ဖြင့် အရောင်းအဝယ်ပြုလုပ်နေမှု များအပေါ် သတိပြုရန် လိုအပ် ကြောင်း ကြယ်စင်မြေအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောသည်။
ပုံစံ(၁၀၅) ဆိုသည်မှာ ပိုင် ဆိုင်မှု အာမခံချက်အတွက် မ ဟုတ်ဘဲ တည်နေရာမြေအမျိုးအ စားဂရန် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်သာ ဖြစ်ပြီး မြေစာရင်းဌာနက ထုတ်ပေးထားသည့် တစ်နှစ်သာ အကျုံးဝင်သော ထောက်ခံချက်တစ်ခု ဖြစ်ကြောင်း အထက်ပါ လုပ်ငန်း ရှင်က ဆိုသည်။
အစိုးရ၏တရားဝင်စီမံကိန်း မလာမချင်း ယင်းနေရာများတွင် အကွက်ရိုက်၍ လူနေအိမ်ခြေအ ဖြစ် ရောင်းချခြင်းမှာ တရားမဝင် ကြောင်း ၎င်းက ဆိုသည်။
အများစုမှာ လယ်မြေများ တွင် အကွက်ချရောင်းချနေခြင်း ဖြစ်ပြီး ဒေသခံမြေအရောင်းအ ဝယ်သမားများ၊ လယ်သမားများကအဓိက ရောင်းချနေကြကာ သွားရောက်ဝယ်ယူမည်ဆိုပါက ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ဆိုသည်။
‘‘ဘာမှမဖြစ်ဘူးဆိုပြီး ဝယ် ရင်တော့ ရတယ်။ ဖြစ်လာလို့ ဥပ ဒေအကြောင်းအရ ရှင်းရင်တော့ မလွယ်ဘူး’’ဟု သီရိစံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်ဦးမြင့် ဝေက ပြောသည်။
Ref : 7daydaily
Photo Credit : social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties