By ှShwerproperty.com, Shweproperty.com
Updated at 1 December 2015
သိမ်းဆည်းခံ မြေယာ အချို့ကို စိစစ်ပြီး ပြန်လည်စွန့်လွှတ်နေတဲ့အတွက် မြေယာ သိမ်းဆည်းခံထားရသူတွေ အနေနဲ့ မိမိတို့မြေ ပါဝင်ခြင်းရှိမရှိကို သက်ဆိုင်ရာ မြေအသုံးချ စီမံခန့်ခွဲမှု ကေ်ာမတီရုံးတွေမှာ မေးမြန်းစုံစမ်းနိုင်ကြောင်း မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီက သတင်းထုတ်ပြန်တယ်လို့ သိရပါတယ်။
မိမိတို့ပိုင်ဆိုင်တဲ့ မြေတွေဟာ ပြန်လည်စွန့်လွှတ်မြေစာရင်းထဲမှာ ပါဝင်မယ်ဆိုရင် သက်ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲမှု ကော်မတီဆီက မြေပိုင်ဆိုင်ခွင့် အထောက်အထားတွေနဲ့ လွှဲပြောင်းရယူရမှာ ဖြစ်ပါတယ်။
မြေအသုံးချမှု စီမံခန့်ခွဲမှု စီမံခန့်ခွဲရေး ကော်မတီအနေနဲ့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က မြေသိမ်းမှု ဖြေရှင်းပေးဖို့ အမှုပေါင်း ၁၇,၁၂၈ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေယာပြသနာ ဖြေရှင်းပေးရမယ့် အထဲမှာ ရန်ကုန်တိုင်းက (၄၀၇၈) မှုနဲ့ အများဆုံးဖြစ်ပြီး ကယားပြည်နယ်ကတော့ (၃၈) မှုသာရှိပြီး အနည်းဆုံး ဖြစ်ပါတယ်။
Shweproperty.com
Photo Credit : Atlas
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties