By The Kumudra, Shweproperty.com
Updated at 10 February 2016
ဒဂုံမြို့သစ်မြို့နယ် တချို့မှာ ဝယ်ထားတဲ့ ပိုင်ရှင်မဟုတ်ဘဲ မြေကွက်တွေမှာ ပိုင်ရှင်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး ကျူးကျော်နေတဲ့သူတွေ ရှိတာကြောင့် မြေဝယ်ထားသူတွေအနေနဲ့ သတိထားသင့်ပြီး တချို့တွေက စာရွက်စာတမ်းအတုတွေကိုင်ပြီး ပိုင်ရှင်ပုံစံနဲ့ ပြုလုပ်နေတာတွေ ရှိတယ်လို့ ဒဂုံမြေအရောင်းအဝယ်ဈေးကွက်အတွေင်းက သိရပါတယ်။
ဒဂုံမြို့သစ်နယ်တွေမှာ တချို့က မြေဝယ်ထားပေမယ့် လူမနေဘဲ မြေကွက်အတိုင်း ပစ်ထားကြတာရှိပါတယ်။ ခြံမခတ်ဘဲ ပစ်ထားတဲ့သူအများစုမှာ လူနေအိမ်ကျူးကျော်ခံရတာတွေကြုံကြရတာရှိတယ်။ ကျူးကျော်အိမ်မဟုတ်ဘဲ အခုက ကျူးကျော်ဆိုင်းဘုတ်တင်ပြီး မြေကွက်တွေကို စာရွတ်စာတမ်းတွေ အတုနဲ့ရောင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပိုင်ရှင်တွေအနေနဲ့ ကိုယ့်မြေကွက်ကိုယ် စစ်ဆေးသင့်ပြီး ကျူးကျော်တွေပြန်ပေါ်လာတာကြောင့် ခြံခတ်ထားသင့်တယ်လို့ ပြောပါတယ် ။ ကျူးရှိနေရင်တောင် ခြံခတ်မထားရင် ပိုက်နက်ကျူးကျော်မူ့နဲ့ တရားစွဲမရတာကြောင့်လို့သိရပါတယ်။
ပြန်လည်ခေတ်စားလာတဲ့ ကျူးပုံစံ
ပိုင်ရှင်မသိဘဲ မြေကွက်မှာ “ပိုင်ရှင်ရှိသည်” ဆိုင်းဘုတ်တွေထောင်ခံထားရတာပါ ။ ဘယ်သူတွေမှန်းမသိရဘဲ ညနေပိုင်းနဲ့ညဘက်အချိန်တွေမှာ ပြုလုပ်ခံရတာများတယ်လို့သိရပါတယ်။ အကျိုးဆောင်အချို့ရဲ့ပြောပြချက်အရ ဈေးကွက်ထဲမှာ ဝယ်ရောင်းအနေနဲ့ ဈေးကောက်လို့ရအောင် အခုလိုဆိုင်ဘုတ်ထောင်ပြီးအောက်ဈေးနဲ့ဈေးအခေါ်ပြိုင်ကြတယ်။ ပိုင်ရှင်သိသွားတဲ့ အခါကျမှ ရှောင်သွားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက “ကိုယ်တိုင်တော့မကြုံမိသေးဘူး ၊ သူငယ်ချင်းတစ်ယောက်ကြုံတာကတော့ သူအဝယ်ပြမယ့်အကွက်မှာ ကျူးဆိုင်းဘုတ်ထောင်ထားတာနဲ့ကြုံခဲ့ရတာ ၊ ဒီရက်ပိုင်း ဈေးကွက်ထဲမှာ ကျူးကိစ္စတွေအပြောများနေတယ် ၊ မြေကွက်ဝယ်ထားတဲ့သူတွေ သတိထားပြီး စစ်သင့်တယ် ၊ တချို့ဆိုအပေါင်ထားခံရတဲ့သူတွေတောင် ရှိတယ်လို့” ပြောပါတယ်။
ခြံမခတ်ထားတဲ့မြေကွက်တွေမှာ ပိုင်ရှင်အစစ်အမှန်မဟုတ်ပါဘဲ ပိုင်ရှင်ရှိသည်လို့ ရေးသားထားတဲ့ ကျူးဆိုင်းဘုတ်တွေ အတပ်ခံရတာပါ။ တချို့ကြုံရတဲ့သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဖြေရှင်းရင်း ပြေလည်သွားကြတဲ့သူတွေရှိတယ်။ တချို့က ဈေးကွက်ပျတ်နေတဲ့အခြေအနေကြောင့် မြေကွက်တွေကို မကြည့်တော့ဘဲ ပစ်ထားကြတဲ့သူတွေတစ်ဆင့်အရောင်းခံ ရပြီးမှသိရတာတွေရှိတယ် ။ တချို့က လက်ညိုးထိုးပြီး စာရွတ်အတုနဲ့ပေါင်ကြရာက မြေကွက်ပိုင်ရှင်က သိပြီးဖြေရှင်းလို့ ရတဲ့ြ့ပသနာတွေ လည်းရှိတယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးကျော်စွာက “အသိမိတ်ဆွေတစ်ယောက်ရဲ့အကွက်ဆို ကျူးခံထားရလို့ အခုအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပြီး ကန့်ကွက်စာတင်ထားရတယ် ၊ ပိုင်ရှင်စစ်တယ်ဆိုစာရွက်စာတမ်း လာပြရမယ်။ မပြနိုင်ရင် ဥပဒေအရအရေးယူမယ်ဆိုပြီး လုပ်နေကြတယ်” လို့ပြောပြပါတယ်။
မြို့သစ်ဘက်က မြေကွက်အများစုက ပါမစ်မြေတွေများတာကြောင့် စာရွက်စာတမ်းအတု ပြဿနာတွေ ။ လိမ်လည်ရောင်းတာတွေ ကြုံကြရတယ်။ ကျူးကျော်သမားတွေက အိမ်ဆောက်ပြီးကျူးကြတဲ့ အဖြစ်တွေလည်းရှိပါတယ်။ ပိုင်ဆိုင်မူ့အရှုပ်အရှင်းတွေလည်း အဖြစ်များတယ်လို့ သိရပါတယ်။
အကျိုးဆောင်ရှေ့နေ မကေသီက “စဝယ်ကတည်းက သေချာစိစစ်ပြီး ဝယ်သင့်တယ် ၊ ဝယ်ပြီဆိုရင်လဲ သတင်းစာထဲကနေ သေချာကြော်ငြာသင့်တယ် ၊ အခုနောက်ပိုင်းမြေယာပြဿနာတွေ ပိုရှုပ်လာတာကြောင့် သတိထားသင့်တယ် ၊ ကိုယ့်မြေကွက်ကို ခြံခတ်ထားတာ ၊ သက်ဆိုင်ရာဌာနတွေမှာ မြေကွက်နဲ့ပတ်သက်ပြီး ကန့်ကွက်စာတင်ထားတာတွေ လုပ်ဆောင်သင့်တယ်လို့” ပြောပါတယ်။
ဈေးကွက်ထဲမှာ ကျူးဆိုင်းဘုတ်တွေ ရှိလာတာကို အကျိုးဆောင်တချို့က ကျူးဆိုင်းဘုတ်တွေက တစ်ညီတည်းဖြစ်နေတာတွေလည်းရှိသလို လမ်းမတန်းအကွက်တွေနဲ့ လက်တလောဖြစ်နေတာက ဒဂုံအရှေ့ပိုင်းရှိ ကျန်စစ်သားမေးတင် အကွက်တချို့တွေမှာလို့သိရပါတယ် ။ မြေကွက်ပိုင်ရှင်တွေအနေနဲ့ ဝယ်ထားတဲ့အကွက်တွေကို ပစ်ထားတာမျိုးမလုပ်ဘဲ ဈေးကွက်ဆင်းပြီးစိစစ်သင့်တယ်လိုပြောပါတယ်။
Ref : The Kumudra
Photo Credit : mmbiztoday
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties