By Myanmar Times, Shweproperty.com
Updated at 8 January 2016
မြေကွက်များကို အမှန်တကယ်နေထိုင် အလုပ်လုပ်ကိုင်သူများထက် မြေကွက် ဝယ်ရောင်းများ၊ အာဏာပိုင်များနှင့် ပတ်သက်သူ များသာ ကြိုတင်ရယူထားခြင်းဖြစ်ရာ ပါမစ်၊ ဂရန်တွင် ပါရှိသည့် စည်းကမ်းချက်များ ပြဋ္ဌာန်း ချက်များအတိုင်း ခေတ်အဆက်ဆက်တွင် အရေးယူမှုမရှိခဲ့ခြင်းကြောင့် မြေဈေးနှုန်းများ ကြီးမြင့်နေရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
"အလုပ်မလုပ်တဲ့သူတွေကို အခွင့်အရေး ပေးထားသလို ဖြစ်နေတယ်။ မြေဝယ်ရောင်း မလုပ်ရဘူးလို့ မဆိုလိုချင်ပေမယ့် ဥပဒေ အတိုင်းလုပ်ရမယ်။ စက်မှုှုဇုန်မြေဝယ်ရင် စက်မှုမြေမှာ စက်ရုံဆောက်ရမယ်။ မဆောက် ရင် ပြန်သိမ်းမယ်။ တကယ် သိမ်းပြလိုက်ရင် မြေက ဈေးကျမှာပဲ၊ အခုနောက်ပိုင်းမှာ လယ်မြေတွေထိပါ လိုက်ဝယ်ဈေးကစားကြ လို့ အရောင်းအဝယ် မဖြစ်တဲ့အချိန်မှာတောင် တချို့လယ်မြေတွေက သိန်း ၃,၀၀၀ လောက် အထိ ဈေးခေါ်လာတယ်။ စက်မှုဇုန်တွေ ချပေး တုန်းကဆို တစ်ကွက်ကို သိန်း ၉၀ လောက်ပဲ ပေးသွင်းရတဲ့ အကွက်တွေက အချင်းချင်း လှည့်ပတ်ရောင်းလိုက်၊ ဈေးကစားလိုက်နဲ့ တချို့ နေရာကောင်းတဲ့ အကွက်တွေဆို သိန်း ၉,၀၀၀ လောက်ထိ ဖြစ်လာပြီ။ မြေယာ မူဝါဒအရလည်း မြေကိုချပေးပြီးလို့ ခြောက်လ အတွင်း တကယ်လုပ်ရမယ်။ မလုပ်ရင် ပြန်သိမ်းလို့ရတယ်လို့ ဆိုပေမယ့် တကယ် အရေးမယူခဲ့တဲ့အတွက် စက်မှုဇုန်တွေ မြို့သစ် တွေမှာ အခုထက်ထိ မြေကွက်လွတ်တွေ ရှိသေးတာ တွေ့ရမယ်။ အဲဒါတွေ ပြန် ကြပ်မတ်မှ မြေဈေးတွေပြန်ကျမှာ ဖြစ်တယ် " ဟု ၎င်းကပြောသည်။
ခြံမြေကွက်များ၊ စက်မှုဇုန်မြေကွက်များ ကို အစိုးရက မြေနေရာချထားပေးရာတွင် ပါရှိသည့် သတ်မှတ်ချက်များ ဖြစ်သည့် မြေ နေရာ ချထားပေးသည့်နေ့မှ တစ်နှစ်အတွင်း အမြန်ဆုံး နေအိမ် အဆောက်အအုံများ ဆောက်လုပ်ရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက မြေကွက်များကို ပြန်လည်သိမ်းဆည်း နိုင်သည်ဆိုသည့် ညွှန်ကြားချက်များဖြင့် မြေချပါမစ်များ၊ မြေငှားစာချုပ်များဖြင့် မြေ နေရာ ချထားပေးခဲ့ခြင်းဖြစ်သော်လည်း ခေတ် အဆက်ဆက်တွင် အရေးယူမှု အားနည်းခဲ့ သည့်အတွက် နှစ်ပေါင်း ၂၀ ကျော်သက်တမ်းကြာမြင့် လာသည့် စက်မှုဇုန်များ၊ မြို့သစ်များ တွင် မြေကွက်လွတ်များ အများအပြား ကျန်ရှိ နေဆဲ ဖြစ်သည်။ မြေကွက်များ၊ စက်မှုဇုန်မြေကွက်များကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအသွင် လည်ပတ် လုပ်ကိုင်ရောင်းဝယ်နေသည့်အတွက် မြေဈေးနှုန်းများ တဖြည်းဖြည်း မြင့်မား လာခြင်းဖြစ်သလို ယင်းမြေများကို ဝယ်ယူခြင်း သို့မဟုတ် ယင်းမြေများကို ငှားရမ်းလုပ်ကိုင် ရသည့် လုပ်ငန်းရှင်များ ဘက်ကလည်း မြင့်မားသည့် ရင်းနှီးမြှုပ်နှံသည့် ကုန်ကျစရိတ်များ ပြန်လည်ကာမိစေရန် ထုတ်လုပ် သည့် ကုန်စည်များ အပေါ်တွင် ပြန်လည် အမြတ်တင် ရောင်းချရသည့်အတွက် အခြေခံကုန်စည် ဈေးနှုန်းများပါ လိုက်ပါမြင့်တက်ရခြင်းဖြစ် ကြောင်း ဦးကိုကိုထွေးက ပြောသည်။
မြေချပါမစ်များ၊ မြေငှားစာချုပ် ( ဂရန်များ ) ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက စတင် ထုတ်ပေးစဉ်ကာလကပင် ပြန်လည်လွှဲပြောင်း ရောင်းချခြင်းကို တားမြစ်ထားသည့် အပြင် နေရာဒေသ အခြေအနေပေါ်မူတည်ကာ ခြောက်လအတွင်း သို့မဟုတ် တစ်နှစ်အတွင်း နေအိမ်၊ အဆောက်အအုံများ အမြန်ဆုံး ဆောက်လုပ်ရန် တစ်ပါတည်း ညွှန်ကြားထား ပြီး လိုက်နာမှုမရှိပါက မြေကွက်များကို ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသော် လည်း နှစ်ပေါင်းများစွာ ကြာမြင့်သည့် တိုင်အောင် ယင်းပြဋ္ဌာန်းချက် များနှင့် ကိုက်ညီစွာ သက်ဆိုင်ရာ အဖွဲ့အစည်း များက အကောင်အထည်ဖော်ခြင်းမရှိသဖြင့် မြေကွက်လွတ်များ ယခုကဲ့သို့ အများအပြား ကျန်ရှိနေဆဲဖြစ်သလို၊ အမှန်တကယ်နေထိုင် လုပ်ကိုင်ရန်ထက် အမြတ်တင် ပြန်ရောင်းရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဝယ်ယူထားသူများ က ကြိုတင်နေရာဦး ဝယ်ယူထားကြသည့် အတွက် ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်လာရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
"ပါမစ်ချပေးကတည်းကိုက သတ်မှတ် ချက်တွေပါပြီးသား၊ အလုပ်မလုပ်ရင် ပြန်သိမ်း မယ်ဆိုတာပါပေ မယ့် ဘာကြောင့် ပြန်မသိမ်း တာကတော့ သူတို့ပဲ သိနိုင်တယ်။ တကယ် သာ အလုပ်မလုပ်တဲ့ မြေကွက်တွေကို စည်းကမ်းချက်နဲ့အညီ ပြန်သိမ်းပြလိုက်ရင် အိမ်ခြံမြေဈေးတွေ ထိုးကျသွားမှာ အသေ အချာပဲ" ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်ပေါင်း ၂၈ ဇုန်တွင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် မြေကွက်လွတ်များ အများအပြား ကျန်ရှိနေသေး သလို မြို့သစ် များတွင်လည်း မြေကွက်လွတ်များ အများ အပြား ကျန်ရှိနေဆဲဖြစ်သည်။ မြေကွတ်လွတ် အများအပြားမှာ အမှန်တကယ် နေထိုင်သူ များထက် မြေကွက်ဝယ်ရောင်းများ၊ ငွေပို ငွေလျှံရှိသဖြင့် ဝယ်ယူထားသူများ၏ လက် ဝယ်တွင် ရှိနေကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များကဆိုသည်။ "ခုချိန် ထိတော့ ဘယ်မြေကွက်ကိုမှ အိမ် မဆောက်လို့ ပြန်သိမ်းတာ မကြားဖူးပါဘူး။ ပါမစ် စည်းကမ်းတွေထဲမှာတော့ ရေးထားတာ တွေ့ပါတယ်။ တကယ်လို့သာ စည်းကမ်း အတိုင်းပြန် သိမ်းလိုက်ရင် မြေဈေးတွေ ထိုးကျ မှာ သေချာပါတယ်"ဟု အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက ဦးဝင်းထိန် က ပြောသည်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက စတင်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်ရယူထားသော် လည်း လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိသည့် မြေကွက်ပိုင်ရှင်များကို အမြန်ဆုံး လုပ်ငန်း များ လုပ်ကိုင်ရန်နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်း မရှိပါက မြေကွက်များကို ပြန်လည်သိမ်း ယူသွားမည်ဖြစ်ကြောင်း မြေကွက်ပိုင်ရှင်များ သို့ အကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း ယနေ့ အချိန်အထိ လက်တွေ့အကောင် အထည်ဖော်နိုင်မှု မရှိသေးကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက သတင်းရရှိသည်။
"လူတွေက ငွေပိုနေလို့ အိမ်ခြံမြေဘက်ကို လုပ်ကြတယ်။ အမြတ်ကြီးတာလည်း ပါတယ်။ စက်မှုသမားတွေက ထပ်မရင်းချင်ကြတော့ ဘူး။ ဦးနှောက်လည်း ခြောက်တယ်၊ မြေ အရောင်းအဝယ်လုပ်တာက ဆယ်ဆမြတ်ပေ မယ့် အလုပ်လုပ်တာက နှစ်ဆမမြတ်ဘူး။ ဇုန်ထဲက မြေကွက်လွတ်တွေကို ဆောက်ဖို့ ဆော်ဩထားပြီးပါပြီ။ သိမ်းမသိမ်းကတော့ သူတို့သဘောပါပဲ" ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties