By 7Day Daily, Shweproperty.com
Updated at 8 December 2017
ရန်ကုန်မြေဈေးသည် အသုံး မပြုဘဲ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် မြေရယူထားသူများ ကြောင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ အခက်တွေ့နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင် လိုသူများ ဈေးသက်သက်သာ သာဖြင့် မြေရရှိနိုင်မည့်အစီအစဉ် ကို ရန်ကုန်တိုင်းအစိုးရက စီစဉ် နေကြောင်း ၎င်းက ပြောသည်။
‘‘တကယ်လုပ်ချင်သူတွေ အလွန်သက်သာတဲ့ဈေးနဲ့ လုပ်ခွင့်ရဖို့ တိုင်းအစိုးရက စီစဉ်နေတယ်။ နောက်ထပ်အထူးစီးပွားရေးဇုန် လည်းဖော်ဖို့ စီစဉ်နေတယ်’’ ဟု မြန်မာရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ဒေါ်နီလာ ကျော်က ပြောသည်။
ရန်ကုန်တိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန်အပြင် ရန်ကုန် အထူးစီးပွားရေးဇုန်တစ်ခု အ ကောင်အထည်ဖော်ရန် ဝန်ကြီး ချုပ်က စီစဉ်နေကြောင်း ၎င်းက ပြောသည်။
မြေဈေးကြီးမြင့်မှုနှင့် ပတ် သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ၏ တင်ပြချက်ကို မြန်မာရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ဝန်ကြီးကထည့်သွင်းပြောကြားသည်။ ဂျပန်နိုင်ငံ အိုဆာကာမြို့မှ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာရာ တွင် မြေတန်ဖိုးမြင့်မားနေသည့် အခြေအနေကို သိရပြီး လုပ်ငန်း များလုပ်ကိုင်ရန် အခက်အခဲဖြစ် ရသည်ဟု တိုင်းအစိုးရကိုတင်ပြ ကြောင်း ဝန်ကြီးက ပြောသည်။
မြန်မာရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် တရုတ်ပြည်သူသမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူးအပါအဝင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။ မြေဈေးသက် သက်သာသာဖြင့် ဝယ်ယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်များကို သ တင်းမီဒီယာများက ဝန်ကြီးကို မေးမြန်းရာမဖြေကြားခဲ့ပေ။
ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံတွင် မြေဈေးကြီးမှုပြဿ နာသည် လက်ရှိအစိုးရသာမက ယခင် ဦးသိန်းစိန်အစိုးရ လက် ထက်တွင်လည်း ကြုံတွေ့ခဲ့ရ သည်။
ရန်ကုန်မြေဈေးသည် စစ်အ စိုးရလက်ထက်က အခွန်သက် သာခွင့်၊ တရားမဝင်ငွေကြေးများ ငွေဖြူအဖြစ်ပြောင်းလဲရန် အခွင့် အရေးပေးသည့်နေရာတစ်ခုကဲ့ သို့ ဖြစ်ခဲ့ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။
ရန်ကုန်မြေဈေးသည် ၁၀ စုနှစ်တစ်ခုအတွင်း အဆပေါင်းများ စွာ မြင့်တက်ခဲ့ပြီးနောက် ၂၀၁၄ နောက်ပိုင်းက စတင်၍ ဈေးမြင့်တက်မှု ရပ်တန့်ခဲ့ကြောင်း အိမ် ခြံမြေအကျိုးဆောင်အချို့က ပြောကြားသည်။
‘‘စက်မှုဇုန်မြေဈေးကတော့ ဒီနှစ်ပိုင်းတွေမှာ ပြန်ကျနေတယ်’’ ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းဆိုင် က ပြောသည်။
ရန်ကုန်အိမ်ခြံမြေဈေးသည် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ဝယ်လို အားနည်းခြင်းကြောင့် မူလဈေး နှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းအကြား ဈေးကျဆင်း လာကြောင်း အိမ်ခြံမြေ အကျိုး ဆောင်အချို့က ပြောသည်။
Ref :7Day Daily
Photo Credit : Google
Post By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties