By Myanmar Times, Shweproperty.com
Updated at 16 September 2015
မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ အငြင်းပွားနေသော ဌာနပိုင်မြေကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် ဖြေကြားရာ၌ အရေးကြီးသော ဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်များ ပါဝင်ခြင်းမရှိခဲ့ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့သိရှိစေရန် လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
မဟာအောင်မြေမြို့နယ်၊ ၆၇ လမ်း နှင့် ၆၈ လမ်းကြား၊ သိပ္ပံလမ်းမပေါ် (ဓ ၁၀) ရှိ ၇ ဒသမ ၉ ဧက အကျယ်၊ ကာလတန်ဖိုးကျပ် ၁၀၀ ဘီလျံကျော်ရှိ သည့် အထက်ပါမြေထဲမှ အစိတ်အပိုင်း တချို့ကို ပြင်ပပုဂ္ဂိုလ်များက ပြန်ရရန်ကြိုးပမ်းနေကြောင်း၊ ဩဂုတ် လ ၂၁ ရက်က ပထမအကြိမ်ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက်အစည်း အဝေးတွင် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဇော်မြင့်မောင်က အဆိုပါမြေနှင့် ပတ်သက်ပြီး လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ရွက် ချက်များသည် 'တရားဥပဒေ လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီမှုရှိ၊ မရှိ' မေးမြန်းခဲ့ရာ၌ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဖြေကြားခဲ့ရာတွင် မြေကွက် နှင့်ပတ်သက်၍ ယခင်က ချမှတ်ခဲ့ သော အရေးကြီးသည့် ဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်များ ပါဝင်ခြင်း မရှိခဲ့ကြောင်း အငြိမ်းစားစိုက်ပျိုးရေး ဝန်ထမ်းဦးလှရွှေက ပြောသည်။ "လွှတ်တော်မှာမေးခဲ့တဲ့ မေးခွန်းရဲ့ အဓိကအချက်က ဥပဒေဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတာ ဖြစ်ပေမယ့် အဲဒီအချက် မပေါ်လွင်ခဲ့ ပါဘူး။ အခု မြေကွက်ထဲမှာ လေးခန်း တွဲ လေးထပ်တိုက်နှစ်လုံး ဆောက်ထားတဲ့ ဧရိယာ သုည ဒသမ ၅၂ ဧက ကလွဲပြီး ကျန်ဧရိယာတွေအားလုံးကို နိုင်ငံတော်ကို ပြန်လွှဲအပ်မယ် လို့ပဲ ဖြေကြားခဲ့တယ်။ အမှန်တော့ အဲဒီမြေကွက်ကြီးထဲက ဧရိယာတချို့ကို ပြန်ရလိုမှုနဲ့ ပြင်ပ ပုဂ္ဂိုလ်တချို့က စိုက်ပျိုးရေးဌာနက ပုဂ္ဂိုလ်တချို့ကို တရားစွဲခဲ့ပေမယ့် သက်ဆိုင်ရာတရားရုံးက ဒီမြေဧရိယာ အားလုံးကို ဌာနပိုင်မြေအဖြစ်ပဲ ဆုံးဖြတ်ပြီး အမိန့်ချထားပေးခဲ့တဲ့ မြေကွက်ပါ"ဟု ဦးလှရွှေက ယခုလ ၅ ရက်တွင် ပြောသည်။
မြေရာဇဝင်အရ အဆိုပါနေရာ မှာ ၁၉၀၇ ခုနှစ်မှစ၍ မူလတိုင်း မြေစာရင်း မြေပုံမှတ်တမ်းအရ မန္တလေးအရှေ့တောင်မြို့နယ်၊ ကွင်းအမှတ် (၄၀၉ က) ဖြင့်တည်ရှိခဲ့သော ၎င်းမြေမှာ စိုက်ပျိုးရေး သိပ္ပံနှင့် တွဲ၍ ဗဟိုစိုက်ပျိုးရေးခြံအတွင်း အကျုံးဝင်သော မြေဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် လယ်/ဆည်ဝန်ကြီး ဗိုလ်ချုပ်မြင့်အောင်၏ ညွှန်ကြားချက်အရ စိုက်/ကြပ်အဖွဲ့ဖွဲ့ စေပြီး ထိုအဖွဲ့အမည်ခံ၍ ဝန်ကြီးဌာန ပိုင်မြေကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ရောင်းချခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်မြင့်အောင် အရေးယူခံ ရချိန်၌ ဒုဝန်ကြီးဗိုလ်ချုပ်ခင်မောင်က ဝယ်ယူ ထားသူများကို ခေါ်ယူပြီး တရားမဝင်ဂရန်များဖြစ်၍ ပယ်ဖျက်ကြောင်း လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းမြေကွက်ဝယ်ယူသူ ဦးစန်းဝေဟွာ၊ ဦးအိုက်ဆိုက်၊ ဦးစန်းဝေချင်းတို့ကိုယ်စား ဦးကျော်ေ၀ ဦးဆောင်၍ မြေကွက် ပြန်လည်ရလိုမှုဖြင့် မန္တလေးတိုင်း၊ စိုက်ပျိုးရေးမန်နေဂျာကို တရားစွဲဆို ခဲ့သော်လည်း မန္တလေးတိုင်း တရား ရုံးက တရားလိုက စွဲဆိုမှုများကို ပလပ်ခဲ့ကြောင်း၊ တရားလိုမှ အယူခံဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ကြောင်း ဦးလှရွှေက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties