By Myanmar Builders Guide, Shweproperty.com
Updated at 1 February 2019
အစိုးရပိုင်မြေများကို စာရင်းအင်းပြုစုထားသည့် မြေယာဘဏ် (Land Bank) ထူထောင်ကာ ရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတားဖြစ်နေသည့် မြေယာပြဿနာဖြေရှင်းနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“ အစိုးရဝန်ကြီးဌာနတွေ ပိုင်တဲ့မြေတွေပေါ့။ ညောင်နှစ်ပင်မှာရှိတယ်။ မန္တလေးမှာ ရှိတယ်။ စစ်ကိုင်းမှာရှိတယ် စသဖြင့် ပိုင်တဲ့မြေတွေကို စာရင်းအင်းနဲ့ထားမယ်။ သမ္မတရုံးဆိုလည်း သမ္မတရုံး၊ အစိုးရရုံးဆိုလည်း အစိုးရရုံးပေါ့။ လုပ်ငန်းရှင်တွေက ဧက ၂၀၀၀ လိုချင် ပါတယ်ဆိုရင် ကျွန်တော်တို့က စစ်ကိုင်းမှာလား၊ မန္တလေးမှာလား၊ဧရာဝတီမှာလား၊ ဒါတွေကို သူတို့နဲ့ချိတ်ပေးလိုက်ရင် စီမံကိန်းက မြန်မြန်ဆန်ဆန်စနိုင်မယ်။ မြင်သာထင်သာမယ်။ ကြားမှာခံထားတာ မရှိဘူးဆိုတာ ဖြစ်အောင်လုပ်နေပါတယ် ”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးစားပေးအစီအစဉ်များတွင် ပထမဦးစားပေးအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူစေရေးဖြစ်ကြောင်း သိရသည်။
ဒုတိယဦးစားပေးအနေဖြင့် Standard Operating Procedures (SOPs) ရေး ဆွဲနေခြင်းဖြစ်ကြောင်း၊ SOP ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ SOP တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းများကို သုံးသပ်ပြီးပြုပြင်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။
တတိယဦးစားပေးအနေဖြင့် မြေယာဘဏ် တည်ထောင်ခြင်းဖြစ်ကြောင်း၊ မြေယာဘဏ် တည်ထောင်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် မြေယာအရင်းအမြစ်များကိုထိရောက်ပြီး ပွင့်လင်းမြင်သာသည့်နည်းလမ်းဖြင့် ဆက်သွယ်ရာတွင် အထောက်အကူပြုကြောင်း၊ မြေယာကိစ္စများသည် ရင်းနှီးမြှုပ်နှံသူများက တင်ပြထားသည့်
အဓိကအဟန့်အတားများထဲမှ တစ်ခုဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် မြန်မြန်ဆန်ဆန်တိုးတက်မှုရှိအောင် လုပ်ကိုင်နိုင်တဲ့ နယ်ပယ်တစ်ခုလည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စီးပွားရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုများကို ပါဝင်လုပ်ဆောင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက နိုင်ငံအတွက် တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာမူဘောင်များကို ပြောင်းလဲနိုင်ရေးလိုအပ်ကြောင်း၊ ဥပဒေရေးရာ၏ မူဘောင်ပြောင်းလဲမှုတွင် သိသာထင်ရှားသည့် ပြောင်းလဲမှုမှာ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုလာခြင်းဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties