By 7daydaily, Shweproperty.com
Updated at 29 November 2015
မြေကွက်လွတ်များတွင် ငွေကြေးကြွယ်ဝချမ်းသာသူများ က ဈေးကစားပြီး လက်ဆင့်ကမ်း ရောင်းချမှုများကြောင့် အိမ်ခြံမြေ ဈေးကွက်၌ အရောင်းအဝယ် လျော့နည်းသွားရခြင်းဖြစ်သည် ဟု မန္တလေး အိမ်ခြံမြေအသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြော ကြားသည်။
မြန်မာနိုင်ငံတွင် ငွေကြေး ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် အခွင့်အလမ်း နည်းပါးသဖြင့် အိမ်ခြံမြေ၌သာ ဝင် ရောက်ဈေးကစားနေကြကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။
ငွေကြေးခဝါချမှု၊ တရား မဝင်ငွေများဖြင့် ရင်းနှီးမြှုပ်နှံမှုတို့ ကြောင့် မြန်မာနိုင်ငံမှ အိမ်ခြံမြေ ဈေးနှုန်းများသည် လက်ရှိတွင် အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ မြေဈေးနှုန်းနှင့် တူညီလာ ကြောင်း စီးပွားရေးပညာရှင်များ က ပြောကြသည်။
‘‘စီးပွားရေးမရှိဘဲ အိမ်ခြံမြေ ဈေးတက်နေတာ ဈေးကွက်ရဲ့ ဝယ်လိုအားအတုပဲ။ ဝယ်လိုအား အစစ်ဆိုရင် ဈေးပြန်ကျစရာ အ ကြောင်းမရှိဘူး’’ဟု ဦးတင်မောင် က ပြောသည်။
၂၀၁၆ တွင် အိမ်ခြံမြေဈေး နှုန်းတည်ငြိမ်ရန် အစိုးရသစ်က မြေယာမူဝါဒကို အကောင်အထည်ဖော်မည့် အခြေအနေပေါ် မူတည်နေကြောင်း အိမ်ခြံမြေအ ကျိုးဆောင် အချို့က ပြောသည်။
၂၀၁၄ နောက်ပိုင်းတွင် အိမ် ခြံမြေဈေးကွက်သည် တဖြည်း ဖြည်းကျဆင်းလာပြီး အရောင်းအ ဝယ်များအေးလာကြောင်း အကျိုး ဆောင်များက ပြောသည်။ လက် ရှိ အိမ်ခြံမြေဈေးကွက်တွင် အ ရောင်းအဝယ်ထက် အငှားဈေး ကွက်သာ ပိုဖြစ်နေကြောင်း စိုင်း ခွန်နောင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ ဦးစိုင်းခွန်နောင်က ပြောကြားသည်။
Ref : 7daydaily
Photo Credit : Wikipedia
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties