By The Modern, Shweproperty.com
Updated at 10 July 2015
တိုက်ခန်းတွေတင်မက မြေကွက်တချို့ပါ အရစ်ကျနဲ့ ရောင်းချတာတွေ ရှိလာတယ်။
အရစ်ကျရောင်းချရာမှာ ပြသနာအရှုပ်အရှင်း ရှိနိုင်တယ် ဆိုပေမဲ့ ရောင်းကြဝယ်ကြတဲ့ သူတွေကတော့ ရှိပါတယ်။ တချို့ဝယ်သူတွေက အရစ်ကျပေးလို့ ရမလားလို့ မေးကြတာတွေရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝယ်ရောင်း အကျိုးဆောင် ဦးဝင်းနိုင်က "တချို့တွေက ရောင်းမထွက်ပဲ နေတာထက် ရောင်းထွက်အောင် ညာဏ်ကူကြတာပေါ့၊ ဒါပေမယ့် ဒီလိုရောင်းတာတွေက နှစ်ဦးနှစ်ဖက် ခိုင်မာအောင်လုပ်နိုင်မှ ယုံကြည်စိတ်ချနိုင်မှ အဆင်ပြေမှာ၊ ပိုက်ဆံပုံပေးပြီး ဝယ်တာတောင် အမျိုးမျိုးပြသနာတွေ ရှိနေကြတာ၊ ဒါက ဈေးကွက်တစ်ခုထွင်ပြီး ရောင်းထွက်အောင်လုပ်တဲ့သဘောပါပဲ"လို့ ပြောပါတယ်။
သူကပဲ မြို့စွန်တွေမှာ တချို့ပိုင်ရှင်တွေရောင်းတာရှိတယ်။ ပြင်ဦးလွင်ဘက်မှာလဲ အသိတစ်ယောက်ရဲ့မိတ်ဆွေ ဝယ်ရောင်းသမားတစ်ယောက်လဲ သူ့ရဲ့အကွက်တွေကို အရစ်ကျနဲ့ရောင်းတယ်။ စိတ်ချရပါ့မလား မေးတော့ စိတ်ချရအောင်လုပ်ပြီးရောင်းတယ်။ ဈေးကလည်း ပုံမှန်ဈေးနဲ့ပဲ ဝယ်သူရှိတယ် ပြောတယ်။ ရန်ကုန်မှာကတော့ စိတ်ချရတဲ့လူရင်းလောက်ပဲ ရောင်းကြတာများတယ်လို့ ရှင်းပြပါတယ်။
အိမ်ခြံမြေအရောင်းကြောငြာတင်တဲ့ အွန်လိုင်းပေါ်က ဆိုဒ်တွေမှာ အခုလိုရောင်းချတာ၊ ဝယ်ယူတာတွေ အမေးများကြတယ်။ တချို့အရောင်းသမားတွေက တန်ဖိုးနည်းအကွက်တွေကိုပါ အရစ်ကျ ဘယ်နှနှစ်သွင်းနိုင်တယ် ဆိုပြီး ရောင်းတာတွေပါ ရှိပါတယ်လို့ သိရပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "ရောင်းမယ့် အကွက်တွေ စာရင်းတင်ရင် အရစ်ကျပေးလို့ ရလား၊ တစ်ဝက်စီခွဲပေးလို့ ရလား မေးကြတယ်၊ ပထမတော့ ကိုယ်လည်းမသိဘူး၊ မြေကို ဒီလိုရောင်းတာမျိုး တွေ့ဖူးလို့လားလို့ ပြန်ပြောမိတယ်၊ နောက်တော့မှ ရောင်းတဲ့သူတွေရှိမှန်းသိတာ၊ ကားနဲ့မြေကွက် အလိုက်ပေးလဲတာမျိုး၊ အကွက်ချင်းလဲတာတွေလောက်ပဲ သိတာ၊ အခုတော့ အရစ်ကျရောင်းတာပါ ခေတ်စားလာတယ်"လို့ ပြောပါတယ်။
တိုက်ခန်းတွေ အရစ်ကျရောင်းချတာတွေမှာ ပြသနာအမျိုးမျိုးကြုံပြီး ဝယ်သူနစ်နာရတာတွေ ရှိပါတယ်။
အရစ်ကျကြိုပွိုင့်ရောင်းတာတွေကို မဝယ်ကြတော့တဲ့အထိ ဈေးကွက်ပျက်ခဲ့တယ်။ အခုလို မြေကွက်တွေ အရစ်ကျ ရောင်းတာမျိုးက ပြသနာပိုဖြစ်နိုင်တယ်လို့ အကျိုးဆောင်တချို့က သုံးသပ်ပါတယ်။
အရစ်ကျရောင်းတာတွေက မများပေမဲ့ ဝယ်မယ့်သူတွေ ရှိတယ်လို့ သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties