By Myanmar Builders Guide, Shweproperty.com
Updated at 26 March 2019
ဒဂုံတောင်လှော်ကားလမ်းမကြီးတစ်လျှောက်ကလမ်းမတန်းမြေကွက်တွေအဝယ်လိုက်လာပြီးဈေးကောင်းလည်းပြန်ရရှိနေပါပြီ။ပါမစ်ပေ 40 x ကိုပေ 60 မြေလွတ်မြေရိုင်းတွေရောင်းကောင်းလာပြီးဒဂုံမြို့သစ်ရဲ့တောင်ပိုင်းကရပ်ကွက်တချို့ဖြစ်တဲ့ 103 ၊150 ၊ 151 ၊ 146 ၊ 147 တွေမှာအရောင်းသွက်လာပါတယ်။ အရောင်းသွက်တဲ့အထဲက 146 ၊ 147 ရပ်ကွက်တွေမှာဆိုရင်လှော်ကားလမ်းမကြီးခင်းတာကြောင့် ဝယ်သူတွေ များလာတာကိုတွေ့ရပါတယ်။ 250 ၊ 300 မြေကွက်တွေမှာကို 450 ၊ 600 ၊ 700 လောက်ဈေးကြီးပေးဝယ်လာကြတယ်လို့ သိရပါတယ်။
"2019 ခုနှစ်အစကအရောင်းအဝယ်တဖြည်းဖြည်းလိုက်လာခဲ့တာပါ။ ခုနောက်ပိုင်းမှာဆိုရင်ဈေးတွေလဲပိုပေးလာကြတယ်။ အဓိကဝယ်သူတွေကတော့ဝယ်ရောင်းသမားတွေဈေးကစားနေတာကိုတွေ့ရပါတယ် " လို့ဒဂုံလေးမြို့နယ်အိမ်ခြံမြေအကျိုးဆောင် ကိုအောင်သူရ ကပြောပါတယ်။
ဒဂုံအရှေ့ပိုင်းမြို့နယ်တွေမှာဆိုရင်လည်းနေထိုင်မယ့်သူတွေပိုဝယ်ယူလာပြီး 123 ၊ 124 ၊126 ရပ်ကွက်တွေမှာပိုဝယ်လာတာကိုတွေ့ရပါတယ်။
ဒဂုံအရှေ့မှာတော့ဈေးအတက်မရှိဘဲအောက်ဈေးနဲ့အရောင်းအဝယ်ပြန်လိုက်လာတာကိုတွေ့ရပါတယ်။ 34 ရပ်ကွက်၊ 35 ရပ်ကွက်နေသူတွေကရောင်းချပြီးရွှေ့ပြောင်းလာတာကိုတွေ့ရပါတယ်။
"ဝယ်တဲ့သူတွေကဝိတ်ချတဲ့သူတွေ၊ ဒီမတ်လထဲမှာအရောင်းအဝယ်ပိုကောင်းလာတယ်။ ဈေးအတက်တော့မရှိဘူး။ မူလက 400 တွေက 300လောက်အောက်ဈေးနဲ့အရောင်းအဝယ်ရှိနေတယ် " လို့ ဒဂုံအရှေ့မြို့နယ်အိမ်ခြံမြေအကျိုးဆောင် မအေးအေးအောင် ကပြောပါတယ်။
Ref : Myanmar Builders Guide
Photo Credit : Realestateinfo
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties