By အကျိုးဆောင်ဂျာနယ်, Shweproperty.com
Updated at 27 August 2013
အိမ်ပြုပြင်မွမ်းမံတည်ဆောက်သူများကို အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် (၃၇)ရာခိုင်နှုန်းအတိုင်း အခွန်ကောက်ခံပါက မလိုလားအပ်သည့် ကိစ္စရပ်များဖြစ်ပေါ်လာနိုင်ကြောင်း ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ ၎င်းက အိမ်ရာပြုပြင် မွမ်းမံတည်ဆောက်သူတွေကို အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခွန်လို အခွန်ကောက်မယ်ဆိုတော့ မြေကွက်အလွတ်ပေါ်မှာ အိမ်အသစ်တည်ဆောက်မယ့်သူက ပြဿနာမရှိပေမယ့် သူတွေကြတော့ အခွန်က ဘယ်လိုကောက်မှာလည်း မြေကွက်တန်ဖိုးပေါ်မှာ ကောက်မှာလား၊ မြေကွက်တန်ဖိုးနဲ့ အိမ်ဟောင်းတန်ဖိုးပေါင်းပြီး အခွန်ကောက်မှာလား ဘာမှမသေချာမသိနိုင်ဘူး။
နောက်ပြီးတော့ အခန်းအများကြီးရှိတဲ့ တိုက်ခန်းတွေဆိုရင် ပြန်ပြုပြင်ဖို့လိုလာရင် ဒီအခွန်ပိုုက်ဆံကို ဘယ်သူကပေးမှာလဲ။ မြေရှင်ကပေးမှာလား။ အခန်းရှင်တွေကပေးမှာလား။ ညှိနှိုင်းရတာတွေဖြစ်လာပြီး ပြုပြင်ချိန်ကျော်လွန်တာတွေ မပြုပြင်ဖြစ်တော့တာတွေ ဖြစ်လာနိုင်တယ် ဟုပြောသည်။ အိမ်ပြုပြင်မွမ်းမံတည်ဆောက်သူများအား အိမ်၊ ခြံ၊ မြေရောင်းဝယ်ရာတွင် ကောက်ခံသည့် နှုန်းထားအတိုင်း ကောက်ခံမည်ဟု သြဂုတ်လ (၁၉)ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဘဏ္ဍာရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးလင်းအောင် ကပြောကြားသည်။
Ref : အကျိုးဆောင်ဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties