By မင်းမင်း, Shweproperty.com
Updated at 30 July 2013
တနင်္သာရီတိုင်းတစ်ခုတည်း၌ပင် တကယ်မလုပ်သည့်မြေဧက ခုနစ်သိန်းနီးပါးရှိနေ
စစ်အစိုးရ လက်ထက်က စီးပွား ရေးသမားများက စီမံကိန်းများကို အမှန်တကယ် အကောင်အထည် မ ဖော်ဘဲ ယူထားသည့် မြေများကို တ ကယ်လုပ်မည့်သူများထံ ပြန်လွှဲပေး ရန် အထက်လွှတ်တော်က ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ဆုံးဖြတ် လိုက်သည်။
ယင်းကိစ္စသည် မကွေးတိုင်းမှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထက် လွှတ်တော်အမတ် ဦးလှဆွေက အဆို တင်သဖြင့် အမတ် ၁၁ ဦးဆွေးနွေး ခဲ့ပြီး အတည်ပြုလိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့အမတ် ၁၁ ဦးက ဆွေး နွေးအပြီး ထိုအဆိုကို အတည်ပြုရန် သင့်၊မသင့် လွှတ်တော်အတွင်း ဆုံး ဖြတ်ရာ ကန့်ကွက်သည့်အမတ် တစ်ဦး သာရှိခဲ့သဖြင့် အတည်ဖြစ်ခဲ့သည်။
အဆို အတည်မဖြစ်မီ လယ်၊ ဆည် ဒုဝန်ကြီး ဦးအုန်းသန်းက အမတ် များကို ရှင်းလင်းရာတွင် မြန်မာနိုင် ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် တနင်္သာရီတိုင်း တစ်ခုတည်း ၌ပင် စီးပွားရေးသမားများက တကယ် မလုပ်ဘဲ အစိုးရထံမှ ယူထားသည့် မြေဧက ခုနစ်သိန်းနီးပါး ရှိနေ ကြောင်း ပါရှိခဲ့သည်။
တနင်္သာရီတိုင်းမှ အဆိုပါ မြေ များသည် စစ်အစိုးရ လက်ထက်က ကုမ္ပဏီပေါင်း ၄၁ ခုကို ဆီအုန်းစိုက် ပျိုးရန် ခွင့်ပြုပေးထားခြင်း ဖြစ်သည် ဟု သူကဆိုသည်။
တနင်္သာရီတိုင်း တစ်ခုတည်း တွင်ပင် မလုပ်ဘဲ ယူထားသည့်မြေ ထိုမျှရှိနေသည့်အပေါ် ယခုကိစ္စကို အဆိုတင်ခဲ့သည့် အမတ်ဦးလှဆွေ က ''တစ်နိုင်ငံလုံးသာဆို ပြောလို့ တောင် ဆုံးမှာမဟုတ်ဘူး။ တစ်ကယ် မလုပ်ဘဲနဲ့ဗျာ။ ဒါတွေက ပြန်ပေး သင့်ပါတယ်''ဟု မဇ္ဈိမကို ပြောသည်။
အဆိုကို ထောက်ခံဆွေးနွေးခဲ့ သည့် မွန်ပြည်နယ်မှ အထက်လွတ် တော်အမတ် ဒေါက်တာ ဗညား အောင်မိုးကလည်း ''အခုဆင်းရဲမှု လျှော့ချရေးတို့ ဘာတို့ လုပ်နေတဲ့ အချိန်မှာ အဲဒီစီမံကိန်း မလုပ်ဖြစ်တဲ့ မြေတွေကို အမှန်တစ်ကယ် မြေမဲ့ ယာမဲ့ဖြစ်နေတဲ့ ဒေသခံတွေကို၊ ဒါမှ မဟုတ် တစ်ကယ်လုပ်မယ့် သူတွေ ကို ချပေးမှ တိုင်းပြည်အတွက်အကျိုး ရှိမှာပါ''ဟု လွှတ်တော်တွင်ပြော သည်။
ယခုအဆို အတည်ဖြစ်သွားပြီ ဖြစ်သဖြင့် စီးပွားရေးသမားများက တကယ်မလုပ်ဘဲ ယူထားသည့် မြေ များကို ပြန်လွှဲပေးရ တော့မည်ဖြစ် သော်လည်း ထိုသို့ လွှဲပြောင်းချိန် တွင် မည်သည့်စံနှုန်းများဖြင့် မည်သူ တို့ကို ပြန်လွှဲမည်ကိုမူ မသိရသေး ပါ။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties