By ထားထားခင်, Shweproperty.com
Updated at 29 July 2013
အပြည်ပြည်ဆိုင်ရာ အင်န်ဂျီအိုတစ်ခုဖြစ်သော Displacement Solutions က မြန်မာနိုင်ငံတစ်ဝန်းရှိ အဆောက်အအုံ၊ လယ်ယာမြေနဲ့ အိမ်ရာကဏ္ဍ အသုံးချနိုင်ခွင့်များ (Housing Land and Property-HLP Rights) အတွက် ပြည့်စုံစွာဖော်ပြထားသော အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
အစီရင်ခံစာ တင်သွင်းနိုင်ရန်အတွက် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စတင်ခါ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်များသို့ လှည့်လည်သွားရောက်၍ ပြည်နယ်တစ် ခုချင်းစီအလိုက် မြေယာအသုံးချခွင့် နှင့် ပိုင်ဆိုင်နိုင်မှုအခြေအနေများ ကို လေ့လာဆန်းစစ်ခဲ့သည်ဟု သိရ သည်။
''သွားရောက်လေ့လာခဲ့ရာကနေ တွေ့ရှိချက်တွေအရ ပြည်နယ်တစ်ခုစီ၊ တိုင်းတစ်ခုစီမှာ အနည်းငယ်စီ ကွဲပြားမှု ရှိပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံငုံ သုံးသပ်ရမယ်ဆိုရင် အဆောက်အအုံ၊ လယ်ယာမြေနဲ့ အိမ်ရာကဏ္ဍ အသုံးချမှုပေါ်လစီက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လက်နက် လဲယူထားတဲ့ ကေအင်န်ယူ၊ ဒီကေဘီအေ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လည်း သက်ဆိုင်သလို အရပ်သားအဖွဲ့ အစည်းတွေနဲ့လည်း သက်ဆိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အပစ် အခတ်ရပ်စဲဖို့အတွက် လက်နက်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်း တွေရဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကနေ တစ်ဆင့် ပြည်နယ်/တိုင်းတွေမှာ ရှိတဲ့ လယ်မြေတွေကို ရင်းနှီးမြှုပ်နံှမှုအတွက် အသုံးပြုမယ့် မြေယာတွေအဖြစ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတွေ က လုပ်ဆောင်လာနိုင်လို့ပဲ ဖြစ်ပါ တယ်''ဟု Displacement Solutions မှ ကျွမ်းကျင်သူပညာရှင် Mr Geoffrey Myint က ပြောကြားသည်။
''တချို့ဒေသမှာဆိုရင် စစ်တပ်အုပ်ချုပ်မှုအောက်မှာ ကျန်ရှိနေတဲ့မြေတွေက သိမ်းယူရာမှာ အခရာဖြစ်ပေမယ့် တချို့နေရာတွေကျတော့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေက ဝင်ရောက်သိမ်းယူထားတဲ့အတွက် ဒေသတော် တော်များများမှာ အဆောက်အအုံ၊ လယ်ယာမြေနဲ့ အိမ်ရာကဏ္ဍ အသုံးချ နိုင်ခွင့်တွေ လျော့နည်းလာမှာကို စိုးရိမ် စရာ ဖြစ်လာရပါတယ်။
လေ့လာတွေ့ရှိ ရသလောက် ကရင်ပြည်နယ်မှာဆို ရင် မြေယာပိုင်ဆိုင်ဖို့အတွက် စာရွက်စာ တမ်းအထောက်အထားတွေ အများ ကြီး လိုအပ်သလို အပစ်အခတ်ရပ်စဲထား တဲ့နေရာတွေမှာရှိတဲ့ လယ်ယာ မြေတွေသိမ်းယူမှုမှာလည်း ဒီလိုပဲ အထောက်အထားတွေ အများကြီး လိုအပ်တာ တွေ့ရပါတယ်။ မြင်မိ သလောက် မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တွေမှာလည်း ဒီလိုပဲလိုအပ်ချက် တွေ ရှိနေပါတယ်''ဟု Mr Geoffrey Myint က ပြောသည်။
ထို့ပြင် အများစုမှာ အစိုးရစစ်တပ်မှသိမ်းယူထားသော မြေများဖြစ်ပြီး လက်ရှိအချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီကြီး များ နာမည်ခံ၍ အသုံးပြုလုပ်ကိုင်လျ က်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြေအသုံးချမှုနှင့် အဆောက်အအုံ၊ လယ်ယာမြေနဲ့ အိမ်ရာကဏ္ဍ အသုံးချနိုင်ခွင့် အခြေအနေများကို ရှမ်း ပြည်နယ်၌ လေ့လာခဲ့ရာတွင်အဆိုပါ ဒေသများ၌ လယ်ဧက အမြောက်အမြား ကို ရင်းနှီးမြှုပ်နှံသူများက ရေအား လျှပ်စစ်ကဲ့သို့သော စီမံကိန်းများ ဆောင်ရွက်ရန်အတွက် သိမ်းပိုက်ထား ကြသည်ဟုလည်း Mr Geoffrey Myint က ပြောသည်။
''သွားရောက် စစ်တမ်းကောက်ယူလေ့ လာခဲ့တဲ့ အကြောင်းအရာတွေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် အဆောက်အအုံ၊ လယ်ယာမြေနဲ့ အိမ်ရာကဏ္ဍ အသုံးချနိုင်ခွင့် (Housing Land and Property-HLP Rights) က နိုင်ငံတစ်ဝန်းမှာရှိတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပြည်တွင်းလက်နက်ကို င်အဖွဲ့အစည်းတွေနဲ့ အဓိကသက်ဆို င်မှု ရှိတာကို တွေ့ရှိခဲ့ရပါတယ်။
သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေရဲ့ အထူးသဖြင့် ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်တွေ တည်ရှိနေထိုင်တဲ့နေရာမှာ တွေ့ရှိရတဲ့ မြေယာအသုံးချခွင့်တွေက ရင်းနှီးမြှုပ်နှံသူတွေကိုသာ အကျိုးအမြတ်များစေတာ တွေ့ရပြီး ဒေသခံလယ်သမားနဲ့ တောင်ယာလုပ်ကိုင်စားသူတွေအတွက်တော့ အကျိုးအမြတ် သိပ်မဖြစ်ထွန်းစေတာကိုလည်း လေ့လာ သိရှိခဲ့ရပါတယ်။
ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲထား တဲ့အဖွဲ့အစည်းတွေက လယ်ယာ မြေအရင်းအမြစ်ကြွယ်ဝချမ်းသာတဲ့နေရာမှာရှိတဲ့ လယ်ယာမြေတွေကို ရယူမှုနဲ့ သိမ်းပိုက်မှုတွေကလည်း တစ်နည်းအားဖြင့် အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခ တွေ ထပ်မံတိုးပွားစေတဲ့ အကြောင်း ရင်းတွေပါပဲ''ဟုလည်း ၎င်းက ပြော ကြားခဲ့သည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties