By Sint Sint, Shweproperty.com
Updated at 13 August 2020
အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ က အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကိုအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် အမျိုးသားမြေ အသုံးချမှု မူဝါဒနှင့်သက်ဆိုင်သည့် ဥပဒေများကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသား မြေအသုံးချမှုကောင်စီကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၁၇ ရက် ၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅ ဖြင့်ဖွဲ့စည်းခဲ့ရာ အချိန်ကာလအားဖြင့် ၂ နှစ် ကျော်ကြာမြင့် ခဲ့ပြီဖြစ်ပါ ကြောင်း။
အဆိုပါ ကာလအတွင်း အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် ပုံမှန်အစည်းအဝေးများကို ၆ လ တစ်ကြိမ် ကျင်းပဆောင်ရွက်ခဲ့သည့် အပြင်အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေး အတွက် အမျိုးသားမြေ အသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို၂၀၁၈ခုနှစ်၊အောက်တိုဘာ၂ ရက် မှ ၃ရက် အထိ နေပြည်တော်၌ ကျင်းပခဲ့ပါ ကြောင်း၊ ဖိုရမ်၏ရလဒ်များတွင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းမှုဆိုင်ရာ ခိုင်မာ စေခြင်း၊ အမျိုးသားမြေဥပဒေရေး ဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေခြင်း၊ အမျိုး သားမြေအသုံးချမှုစီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ခြင်းနှင့် မြေသတင်းအချက် အလက်စီမံခန့်ခွဲသည့်စနစ် တည်ထောင်ခြင်းစသည့် အချက်အလက်များပါဝင်ရာ အမျိုးသား မြေအသုံးချ မှုကောင်စီအနေဖြင့် ဖိုရမ်ရလဒ်များနှင့် အညီကောင်စီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များထိရောက်စွာအကောင်အထည် ဖော်နိုင် ရေးအတွက်ကောင်စီ၏အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစု ရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်း ကော်မတီနဲ့ အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲရေး နှင့်ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။
အဆိုပါလုပ်ငန်းကော်မတီများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသား မြေအသုံး ချမှုကောင်စီ၏ လမ်းညွှန်မှု၊ နည်းပညာအကြံပေးအဖွဲ့၏ ပံ့ပိုးမှုများဖြင့် လုပ်ငန်း ကော်မတီများ အချင်းချင်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)တို့ရှိ မြေအသုံးချမှုကော်မတီများနှင့် လိုအပ်သလို အားလုံးအတူတကွပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင်အမျိုးသားမြေအသုံးချမှုကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း များတွင်ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့ အစည်း များဖြစ်ကြသည့် ဥရောပသမဂ္ဂ The European Union(EU)၊ ဆွစ်ဇာလန် ဖွံ့ဖြိုးတိုးတက်မှု နှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swiss Agency for Developmentand Cooperation(SDC) တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း Record of Discussion (RoD) ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ပါကြောင်း။
အဆိုပါ RoD လက်မှတ်ရေးထိုးထားသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် EU က မြန်မာနိုင်ငံမြေယာကဏ္ဍပြုပြင်ပြောင်းလဲမှု အထောက်အပံ့ပြုနိုင်ရေးအတွက် ဘက်စုံမြေအသုံး ချမှုစီမံကိန်း ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းမြှင့်တင်ရေးဆိုင်ရာ စီမံကိန်း (Promoting Integrated Land Use Planning and Management in Myanmar) ကိုကူညီ ထောက်ပံ့ရန် စီစဉ်လျက်ရှိပါကြောင်း၊ ခန့်မှန်းကုန်ကျငွေယူရို(၅)သန်းဖြင့် စီမံကိန်းကာလ (၄)နှစ်ကြာမြင့်မည်ဖြစ်ပြီးFAO မှတဆင့် ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းကို အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ ရေရှည်တည်တံ့စေမည့် မြေအသုံးချမှုစီမံ ခန့်ခွဲရေး ၊ယဉ်ကျေးမှုအမွေအနှစ် ဒေသများ၊ ပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်များ ထိန်းသိမ်း ကာကွယ် ရေးတို့ကို ဖွံ့ဖြိုးတိုးတက် စေရေးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကူညီထောက်ပံ့ ပေးနိုင်ရေးနှင့် ပိုမိုထိရောက် သည့် မူဝါဒ၊မူဘောင်များချမှတ်ဆောင် ရွက်ခြင်းကိုမြှင့်တင်ပေးခြင်းဖြင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းကိုဖြစ်ပေါ်လာစေရန် ရည်ရွယ်အကောင် အထည်ဖော်ရန် လျာထားသည်ကိုလည်း သိရှိရပါကြောင်း။
အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေသယံဇာတများကို စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ရှေ့ဆက် ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးညှိနှိုင်းကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက စတုတ္ထအကြိမ်အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီ အစဉ် များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တို့က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် မြေအသုံးချနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်မှု အခြေအနေ၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်အား စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ရေး၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များထူထောင်ရေးအတွက် မြေ အသုံးချနိုင်ရေး၊ စားကျက်မြေနှင့် ကျေးရွာ ဘုံပိုင်မြေများထားရှိနိုင်ရေး၊တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့အရ မြေပိုင်ဆိုင် အသုံးချမှု စီမံခန့်ခွဲနိုင်ရေး၊ ဆက်သွယ်ရေးတာဝါ တိုင်များတည်ဆောက်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် မဟာဓာတ်အားလိုင်းများ သွယ်တန်းခြင်းတို့အတွက် မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အိမ်ရာစီမံကိန်းများ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့ပြနယ်နိမိတ်အဝိုင်းဝန်း ပြန်လည်ဆန်းစစ်နိုင်ရေး ကိစ္စရပ် များကို ရှင်းလင်းဆွေးနွေးကြသည်။
Credit : Myanmar Builders Guide
Photo Credit : lift-fund
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties