By 7Day Daily, Shweproperty.com
Updated at 11 November 2014
လုံးချင်းတိုက်တစ်လုံး လျှင် ကျပ်သိန်းတစ်သောင်းကျော် အား အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာစီမံကိန်းတစ်ခုကို ဇေကမ္ဘာ ကုမ္ပဏီက မင်္ဂလာဒုံမြို့ နယ်၌ တည်ဆောက်ရောင်းချ သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌဦးဇေသီဟက ပြောသည်။
မြေဧက ၅၀ ကျော်တွင် လုံးချင်းတိုက်အလုံးပေါင်း ၁၉၁ လုံးကို လေးနှစ်အတွင်း စတင် တည်ဆောက်သွားမည်ဖြစ်ပြီး ငွေရေးကြေးရေးပြည့်မီပြီး ကိုယ် ပိုင် လုံးချင်းခြံဝင်း ကျယ်ကျယ်နေထိုင်လိုသူများအတွက် ရည် ရွယ်တည်ဆောက်ရောင်းချသွား မည်ဖြစ်ကြောင်း ဦးဇေသီဟက ပြောသည်။
‘‘လောလောဆယ် ဒီအိမ် ရာစီမံကိန်းကိုဝယ်ဖို့ စာရင်းပေး ထားတာ ခုနစ်လုံးရှိနေပြီ’’ ဟု ဦးဇေသီဟက ဆိုသည်။ အရစ် ကျစနစ်ဖြင့် ငွေသွင်းရာတွင် ၁၈ လအတွင်း ပေးသွင်းရမည်ဖြစ်ပြီး ပထမဆုံးလအတွက် ၁၀ ရာခိုင်နှုန်း၊ ကျန်လများတွင် ငါးရာခိုင်နှုန်း စီပေးသွင်းရမည်ဖြစ်ကာ နောက် ဆုံးအိမ်လွှဲပြောင်းပြီးမှ ၁၀ ရာခိုင် နှုန်း ထပ်မံပေးသွင်းရမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါစီမံကိန်းကို ဇေကမ္ဘာနှင့် မလေးရှားဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း၍ မင်္ဂလာဒုံ မြို့နယ် မင်္ဂလာဒုံဥယျာဉ်မြို့တော် ဝင်းအတွင်း တည်ဆောက်မည် ဖြစ်ကာ Zvilla ဟု အမည်ပေး ထားကြောင်း သိရသည်။
လုံးချင်းတိုက် ပုံစံမှာ သုံး ထပ်တိုက်ဖြစ်ပြီး ဓာတ်လှေကား၊ ရေကူးကန်များအပါအဝင်အဆင့် မြင့်လုံခြုံရေး နည်းပညာများ အသုံးပြု တည်ဆောက်ရန် ကုမ္ပဏီကရည်ရွယ်ထားသည်။
အစိုးရသစ်လက်ထက် ကွန် ဒိုများ၊ တိုက်ခန်းများတည်ဆောက်မှု စံချိန်တင် မြင့်တက်လာသော် လည်း ယခုကဲ့သို့ လုံးချင်းအိမ်ရာပုံစံမျိုး တည်ဆောက်သည့်ဆောက်လုပ်ရေး လုပ်ငန်းရှင်မှာ အလွန်နည်းသည်။
‘‘လုံးချင်းက အကျိုးအမြတ် ကြီးတယ်။ ဒါကြောင့် တော်ရုံလုပ် ငန်းရှင်က မဆောက်ရဲကြဘူး’’ ဟု မြမြင့်မိုရ် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကပြောသည်။
မြို့တွင်း ကျပ်တည်းမှု ဖြေ လျှော့ရန် ယခုကဲ့သို့ မြို့ပြင်အနီး တစ်ဝိုက်တွင် အိမ်ရာ စီမံကိန်း များ တည်ဆောက်သင့်ကြောင်း မြို့ပြစီမံကိန်းပညာရှင်တစ်ဦးကပြောသည်။
သို့သော် လက်ရှိတွင် ပုဂ္ဂလိ က ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုမှာ အဆင့်မြင့် အိမ်ရာများ၊ ကွန်ဒိုများတွင်သာ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားပြီး အိမ်ပိုင်ရာပိုင် မရှိသူ လူတန်းစားတို့အတွက် တန်ဖိုးသင့်တင့်မျှတအစရှိသော အိမ်ရာများကို တွဲဖက်တည် ဆောက်ပေးစေလိုကြောင်း ၎င်းကတိုက်တွန်းပြောဆိုသည်။
‘‘လုပ်ငန်းရှင်တွေက ရောင်း ပန်းလှဖို့ပဲ ကြည့်နေကြတယ်။ အတွေးအခေါ်တွေပြောင်းလဲသင့် နေပြီ’’ဟု ၎င်းကဆိုသည်။
လက်ရှိ ရန်ကုန်တွင် ပြီးခဲ့ သည့်အစိုးရလက်ထက်ကအဆင့် မြင့် အိမ်ရာများအဖြစ် တည် ဆောက်ခဲ့သည့် အေဒီ လမ်းဆုံ အနီး မောင်ဝိတ်အိမ်ရာ၊ ဟုမ်း လမ်းအိမ်ရာ၊ ကမာကြည် အိမ် ရာ၊ ကမ္ဘာအေးမှ စွယ်တော်အိမ် ရာ၊ လှိုင်သာယာ တစ်ဖက်ကမ်းမှ FMI ပန်းလှိုင်အိမ်ရာတို့သည် စီမံခန့်ခွဲမှုကောင်းပြီး အောင်မြင် သည့် အိမ်ရာများ ဖြစ်ခဲ့သည်ဟု မြို့ပြပညာရှင်များက သုံးသပ် ထားသည်။
Ref: 7Day Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties