By Myanmar Times, Shweproperty.com
Updated at 22 July 2015
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း ခန့်ထိ အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ် နှင့် ငှားရမ်းမှု ကောင်းမွန်ခဲ့သည့် လုံးချင်းအိမ် များသည် ၂၀၁၄ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၅ နှစ်စပိုင်းအထိ သိသိသာသာ အရောင်းနှင့် အငှားအေးခဲ့ရာမှ ယခုအခါတွင် ဈေးကွက်ပြန်လည်ကောင်းမွန်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ယင်းကဲ့သို့ လုံးချင်းအိမ်ဈေးကွက် ပြန်လည်ကောင်းမွန်လာခြင်းသည် အဆိုပါ လုံချင်းအိမ်ဈေးများ ကျဆင်းလာမှုကြောင့် ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုး ဆောင် တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကနေ ဒီနှစ် နှစ်စပိုင်းလောက်ထိ အရောင်းအဝယ်က သိသိသာသာ ကျဆင်းခဲ့တယ်။ ဒီနှစ် ဇွန်နဲ့ ဇူလိုင်လလောက်က ဝယ်တဲ့သူတွေ ပြန်ရှိလာ တယ်။ အဲဒါကလဲ လုံးချင်အိမ်တွေကို အရင်နှစ် တွေက ဈေးထက်လျှော့ရောင်းတဲ့သူတွေရှိလို့ ပိုပြီးအရောင်းအဝယ်ဖြစ်လာတယ်။ တချို့ ကျတော့ ဈေးကြီးပေးဝယ်ထားရလို့ ဈေးလျော့ ပြီး ပြန်မရောင်းနိုင်ကြဘူး။ အဲဒီလိုအိမ်မျိုးဆို ရောင်းဖို့ခက်တယ်" ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် လွန်ခဲ့သည့်နှစ်နှစ်ခန့်က လုံးချင်းအိမ်၊ လယ်မြေနှင့် ကွန်ဒိုတိုက်ခန်းများအရောင်းအဝယ် များမှာ အလွန်ကောင်းမွန်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလည်း မြင့်မားခဲ့သည့်အတွက် ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။ ထိုအချိန်တွင် လုံးချင်း အိမ်ဈေးနှုန်းများ မှာလည်း အလွန်ကောင်းမွန်ခဲ့ပြီး ရင်းနှီးမြှုပ်နှံ ရန် ဝယ်ယူသူများလည်း ပေါများခဲ့သော်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်း ဈေးကွက်ငြိမ်သက်သွားခဲ့ပြီး ဝယ်လိုအားလည်း ထိုးကျခဲ့ကာ ကြိုပွိုင့်စနစ်ဖြင့်ရောင်းချသည့် အဆင့်မြင့် ကွန်ဒိုများ ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ရန်ကုန်တစ်မြို့လုံးနီးပါး အိမ်ခြံမြေဈေးကွက် အေးတဲ့အချိန်မှာ ဈေးနှုန်းမြင့်တဲ့ လုံးချင်းအိမ် အရောင်းအဝယ်ကလည်း ထိုးကျ သွားတယ်။ အရင်က လုံးချင်းအိမ်ကို ဝယ်ယူ ရင်းနှီးမြှုပ်နှံကြပြီး ပြန်ငှားကြတယ်။ ပြီးတော့ အငှားဈေးကွက်လည်း ကောင်းတယ်။ ဒါပေမဲ့ မြေဧကကျယ်ပေါ်မှာ ဝန်ဆောင်မှုစုံစုံပါတဲ့ ကွန်ဒိုတွေကို ကြိုပွိုင့်ရောင်းလာတဲ့ နောက် ပိုင်းမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေက အဲဒီဘက်ကို လှည့်ကုန်ကြတယ်။ အခု ကွန်ဒိုတွေက ဆောက်လို့မပြီးကြသေးတာများတယ်။ ဒီတော့ လိုအပ်ချက်ရှိတာရော ပိုင်ရှင်တွေက ဈေး လျှော့ပြီး ပြန်ရောင်းတာရောနဲ့ပါရောပြီး အခု တစ်လ၊ နှစ်လအတွင်းမှာ လုံးချင်းအိမ်အရောင်းအဝယ်ဈေးကွက် ပြန်ကောင်းလာတယ်" ဟု စိုင်းခွန်နောင် အကျိုးဆောင်က တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ဈေးကွက်ထဲတွင် လုံးချင်အိမ် ဈေးနှုန်းများမှာ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်း သွားပြီး အငှားဈေးနှုန်းများလည်း ကျဆင်းခဲ့ ကြောင်း အကျိုးဆောင်များက ပြောသည်။ "ဈေးနှုန်းတွေက တောင်ဥက္ကလာက ဝေဇယန္တာ လမ်းမပေါ်က နေရာကောင်းတွေ မှာဆိုရင် အရင်က ကျပ်သိန်း ၁၈,၀၀၀ ရှိတဲ့ ပေ ၄၀ ပေ ၆၀ မြေကွက်ကအိမ်မျိုးဆိုရင် အခု သိန်း ၁၅,၀၀၀ လောက်ပဲရှိတော့တယ်။ တချို့ဆို အဲဒီထက် ဈေးကျလာတယ်။ အငှား ဈေးတွေလည်း တစ်လကို ဒေါ်လာ ၅,၀၀၀ လောက်ရှိရာကနေ ၃,၀၀၀ လောက်ပဲရှိတော့ တယ်" ဟု မိုးမြင့်သော်တာအိမ်ခြံမြေ အကျိုးဆောင်တာဝန်ခံက ပြောသည်။
ဈေးကွက်တွင်း ငှားရမ်းမှုနှုန်းများမှာ လည်း နှစ်စပိုင်းတွင် အနည်းငယ်ကျဆင်းခဲ့ရာမှာ ယခုနောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံခြားသားဝင်ရောက် နေထိုင်မှုမှာလည်း ပုံမှန်အတိုင်း ရှိနေသည့်အတွက် လုံးချင်းအငှားဈေးကွက်မှာ ကောင်းမွန်နေကြောင်း ၎င်းကပြောသည်။
သို့သော် အိမ်ခြံမြေဈေးကွက်သည် ရန်ကုန် တစ်မြို့လုံးအတိုင်းအတာအားဖြင့် ခြုံကြည့်လျှင် အရောင်းအဝယ် နှေးကွေးနေသည့်အချိန် ဖြစ်နေသည့်အတွက် အချို့သောအကျိုးဆောင် လုပ်ငန်းငယ်များတွင် အိမ်အရောင်းအဝယ် မရှိသလောက် နည်းပါးနေကြောင်း မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ကိုမင်းမင်းစိုးက ပြောသည်။ "ဈေးကွက်က အရမ်းအေးနေတာဆိုတော့ အိမ်ခြံမြေအရောင်းအဝယ်တွေက ဈေးကွက်ထဲမှာရော အကျိုးဆောင်လုပ်ငန်းတွေမှာပါ အရမ်းလျော့လာကြတယ်။ တချို့လုပ်ငန်း ကြီးတဲ့သူတွေကတော့ ပုံမှန်အနေအထားရှိ ကြပေမယ့် လုပ်ငန်းအသေးစားတွေ အကျိုး ဆောင်အသေးစားတွေဆို အရောင်းအဝယ်မဖြစ်သလောက်ပါပဲ။ လုံးချင်းအိမ်အရောင်း အဝယ်လဲ အဲဒီအတိုင်းပဲ။ အငှားကတော့ နိုင်ငံ ခြားသားနေတဲ့ သူတွေရှိတာဆိုတော့ ပုံမှန် အနေအထားရှိတယ်" ဟု ၎င်းကပြောသည်။ အိမ်နှင့် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ် များသည် ယခုနောက်ပိုင်းတွင် အချက်အချာ ကျသည့်နေရာတွင်ရှိပြီး ပြန်လည်ငှားရမ်းရန် လွယ်ကူနိုင်မည့် အနေအထားမျိုးရှိသည့် အိမ်နှင့် ကွန်ဒိုတိုက်ခန်းများကို ပိုမိုဝယ်ယူရင်းနှီးမြှုပ်နှံမှုများကြောင်း အကျိုးဆောင် များက ပြောသည်။
"အခုက အိမ်ပဲဖြစ်ဖြစ် ကွန်ဒိုပဲဖြစ်ဖြစ် ဝယ်တဲ့သူတွေက နေရာကို အဓိကကြည့်တယ်။ နေရာက အချက်အချာကျတယ် လွယ် လွယ်ကူကူသွားလို့ရတယ်ဆို ဝယ်ကြတာ များတယ်။ နောက်ပြီး ပြန်ငှားစားလို့ရတဲ့ အိမ်မျိုး၊ ကွန်ဒိုမျိုးဆို ပိုကြိုက်ကြတယ်။ ဈေးကောင်းရရင် ပြန်ရောင်းမယ်။ မရရင် လည်း ငှားစားတာက ဝင်ငွေရတယ်။ ပြီးတော့ အိမ်ဆိုရင်လည်း လမ်းဦးတိုက်တို့၊ ဘေးနား မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မရှိတဲ့နေရာ မျိုးက လုံးချင်းအိမ်တွေဆို အရောင်းအဝယ် မသွက်ဘူး။ ကွန်ဒိုအခန်းတွေဆိုရင်လည်း ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေရှိတာတို့၊ မြေဧကကျယ်မှာဆောက်တာမျိုး၊ နိုင်ငံခြားသားကို ပြန်ငှား လို့ကောင်းတဲ့ကွန်ဒိုမျိုးဆို ပိုကြိုက်ကြတယ်" ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် တာဝန်ရှိသူက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties