By Myanmar Builders Guide, Shweproperty.com
Updated at 30 October 2019
#Unicode
ရန်ကုန်မြို့လယ်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် Yoma Central Landmark စီမံကိန်းအတွင်းရှိ Westin Yangonဟိုတယ်ကို၂ဝ၂၁ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဖွင့်လှစ်နိုင်ရန်အတွက် Marriott Internationalနှင့် Yoma Landတို့ သဘောတူစာချုပ်ချုပ်ဆိုပွဲကို အောက်တိုဘာ ၂၄ ရက် ကဆူးလေရှန်ဂလီလာတွင် ကျင်းပခဲ့သည်။
“Westin Yangonဟိုတယ်အတွက် လက်မှတ်ရေးထိုးခြင်းက Marriott Internationalရဲ့အရှေ့တောင်အာရှ ဒေသတွင်းလုပ်ငန်းတိုးချဲ့မှုအတွက် မှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်ခြင်းဖြစ်ပြီးYoma Landနဲ့လက်တွဲ လုပ်ဆောင် သွားဖို့ အထူးမျှော်လင့်ထားပါတယ်”ဟု Marriott International Asia Pacific၏ Chief Development Officer ပေါလ်ဖော့စ်ကီးကပြောသည်။
Westin Yangonတွင် ဟိုတယ်ခန်းနှင့် Suitesအခန်းပေါင်း ၂၈၁ခန်း၊နှင့်ဝန်ဆောင်မှုအပြည့်ပါငှားရမ်းနိုင်သော လူနေအိမ်ခန်းပေါင်း ၉ဝပါရှိမည်ဖြစ်ပြီး ရန်ကုန်မြို့လယ်ရှုခင်းနှင့် အထင်ကရရွှေတိဂုံဘုရားတို့ကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း အထပ်ပေါင်း ၂၆ထပ်ပါရှိမည့် ဟိုတယ်သည် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင် နေသည့် Yoma Centralစီမံကိန်းတွင်ပါရှိပြီး ထိုစီမံကိန်းကိုနာမည်ကျော် ဗိသုကာပညာရှင် Cecil Balmond OBEက ဒီဇိုင်းရေးဆွဲထားသည်။
ရန်ကုန်မြို့၏သက်တမ်းအရင့်ဆုံး ကိုလိုနီခေတ်အထင်ကရအဆောက်အအုံတစ်ခုဖြစ်သည့် ယခင်မြန်မာ့ မီးရထားရုံးချုုပ်ဟောင်းကိုပြန်လည်ပြုပြင်မွမ်းမံမည်ဖြစ်ပြီး စီမံကိန်းပြီးစီးချိန်၂ဝ၂၁ခုနှစ်တွင် Yoma Central ၏တစ်စိတ်တစ်ဒေသဖြစ်လာမည်ဖြစ်ကာ စီမံကိန်းပြီးဆုံးချိန်တွင် Yoma Centralတါင် အဆင့်မြင့် ဇိမ်ခံ လူနေအိမ်ခန်းများနှင့် Grade-Aရုံးခန်းတာဝါနှစ်လုံးတို့ပါရှိမည်ဖြစ်ပြီး ထိုအဆောက်အအုံများကို ဈေးဝယ်စင်တာ နှင့်ချိတဆက်ထားမည်ဖြစ်သည်။
“Marriott Internationalနဲကမိတ်ဖက်ပြုလုပ်ပြီး သူတို့ရဲ့ Westin Hotels and Resortsအမှတ်တံဆိပ်ကို မြန်မာနိုင်ငံကိုခေါ်လာနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ကမ္ဘာ့အဆင့်မီဟိုတယ်ဝန်ဆောင်မှုကို နှစ်ခြိုက်တဲ့ စီးပွားရေးနဲ့အပျော်ခရီးသွားသူတွေအတွက် Westin Yangonက အထူးသင့်လျော်တဲ့နေရာကောင်း တစ်ခုဖြစ်လာမှာပါ ”ဟု Yoma Land ၏ ပိုင်ရှင် Stephen Purvisကပြောသည်။
#Zawgyi
ရန္ကုန္ျမိဳ႕လယ္တြင္ အေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္ရွိသည့္ Yoma Central Landmark စီမံကိန္းအတြင္းရွိ Westin Yangonဟုိတယ္ကုိ၂ဝ၂၁ခုႏွစ္တြင္ ဖြင့္လွစ္သြားမည္ျဖစ္သည္။
ဖြင့္လွစ္ႏုိင္ရန္အတြက္ Marriott Internationalႏွင့္ Yoma Landတုိ႕ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိပြဲကုိ ေအာက္တုိဘာ ၂၄ ရက္ ကဆူးေလရွန္ဂလီလာတြင္ က်င္းပခဲ့သည္။
“Westin Yangonဟုိတယ္အတြက္ လက္မွတ္ေရးထုိးျခင္းက Marriott Internationalရဲ႕အေရွ႕ေတာင္အာရွ ေဒသတြင္းလုပ္ငန္းတုိးခ်ဲ႕မႈအတြက္ မွတ္တုိင္တစ္ခုစုိက္ထူလုိက္ႏုိင္ျခင္းျဖစ္ျပီးYoma Landနဲ႕လက္တြဲ လုပ္ေဆာင္ သြားဖုိ႕ အထူးေမွ်ာ္လင့္ထားပါတယ္”ဟု Marriott International Asia Pacific၏ Chief Development Officer ေပါလ္ေဖာ့စ္ကီးကေျပာသည္။
Westin Yangonတြင္ ဟုိတယ္ခန္းႏွင့္ Suitesအခန္းေပါင္း ၂၈၁ခန္း၊ႏွင့္ဝန္ေဆာင္မႈအျပည့္ပါငွားရမ္းႏုိင္ေသာ လူေနအိမ္ခန္းေပါင္း ၉ဝပါရွိမည္ျဖစ္ျပီး ရန္ကုန္ျမိဳ႕လယ္ရႈခင္းႏွင့္ အထင္ကရေရႊတိဂုံဘုရားတုိ႕ကုိ ျမင္ေတြ႕ႏုိင္မည္ျဖစ္ေၾကာင္း အထပ္ေပါင္း ၂၆ထပ္ပါရွိမည့္ ဟုိတယ္သည္ ဖြံ႕ျဖိဳးတုိးတက္ေအာင္လုပ္ေဆာင္ ေနသည့္ Yoma Centralစီမံကိန္းတြင္ပါရွိျပီး ထုိစီမံကိန္းကုိနာမည္ေက်ာ္ ဗိသုကာပညာရွင္ Cecil Balmond OBEက ဒီဇုိင္းေရးဆြဲထားသည္။
ရန္ကုန္ျမိဳ႕၏သက္တမ္းအရင့္ဆုံး ကုိလုိနီေခတ္အထင္ကရအေဆာက္အအုံတစ္ခုျဖစ္သည့္ ယခင္ျမန္မာ့ မီးရထားရုံးခ်ုဳပ္ေဟာင္းကုိျပန္လည္ျပဳျပင္မြမ္းမံမည္ျဖစ္ျပီး စီမံကိန္းျပီးစီးခ်ိန္၂ဝ၂၁ခုႏွစ္တြင္ Yoma Central ၏တစ္စိတ္တစ္ေဒသျဖစ္လာမည္ျဖစ္ကာ စီမံကိန္းျပီးဆုံးခ်ိန္တြင္ Yoma Centralတါင္ အဆင့္ျမင့္ ဇိမ္ခံ လူေနအိမ္ခန္းမ်ားႏွင့္ Grade-Aရုံးခန္းတာဝါႏွစ္လုံးတုိ႕ပါရွိမည္ျဖစ္ျပီး ထုိအေဆာက္အအုံမ်ားကုိ ေစ်းဝယ္စင္တာ ႏွင့္ခ်ိ္တဆက္ထားမည္ျဖစ္သည္။
“Marriott Internationalနဲကမိတ္ဖက္ျပဳလုပ္ျပီး သူတုိ႕ရဲ႕ Westin Hotels and Resortsအမွတ္တံဆိပ္ကုိ ျမန္မာႏုိင္ငံကုိေခၚလာႏုိင္တဲ့အတြက္ ဂုဏ္ယူမိပါတယ္။ကမာၻ႕အဆင့္မီဟုိတယ္ဝန္ေဆာင္မႈကုိ ႏွစ္ျခိဳက္တဲ့ စီးပြားေရးနဲ႕အေပ်ာ္ခရီးသြားသူေတြအတြက္ Westin Yangonက အထူးသင့္ေလ်ာ္တဲ့ေနရာေကာင္း တစ္ခုျဖစ္လာမွာပါ ”ဟု Yoma Land ၏ ပုိင္ရွင္ Stephen Purvisကေျပာသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties