By Everytimestory, Shweproperty.com
Updated at 20 February 2019
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံသားတိုင်းတရားဝင် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။
စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အပါအဝင် အစိုးရမှခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် လုပ်ငန်းများတွင် မြေယာများကို မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံသားတိုင်းလျှောက်ထားနိုင်ကြောင်း သဘာဝဂေဟစနစ်နှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ နိုင်ရန် သက်ဆိုင်ရာဌာနများမှ ဆောင် ရွက်ပေးနေသကဲ့သို့ လုပ်ငန်းရှင်များမှလည်း သတ်မှတ်ထားသောဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာအောင်သူက ပြောသည်။
အဆိုပါအစည်းအဝေးတွင် စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသော လုပ်ကိုင်ခွင့်ချထား မြေများအား ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာခြင်းအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောသည်။
လက်ရှိကာလတွင်လည်း စည်းကမ်း ညီညွတ်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၁၄ သိန်းကျော်ကို လုပ်ပိုင်ခွင့်ပြန်လည်သိမ်းဆည်းထားပြီး ဖြစ်ကြောင်းမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လယ်ယာမြေများအပေါ် အခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ထားခြင်းများ၊လယ်ယာမြေများပေါ်တွင် အခြား နည်းလမ်းအသုံးပြုပြီးမှ တရားဝင်လုပ်ကိုင်ခွင့်ပေးရန် လျှောက်ထားခြင်းများကိုလည်း သတ်မှတ်ဒဏ်ကြေး ပေးဆောင်ပြီးမှသာ စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာပါက အနည်းဆုံး လိုအပ်ချက်ကိုသာ စိစစ်ခွင့်ပြုရန်နှင့် ခွင့်ပြုချက်မဲ့ အသုံးပြုခြင်းနှင့်ပတ်သက်၍ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းအပြင် ဥပဒေကြောင်းအရ ထိရောက်သည့်ပြစ်ဒဏ် ချမှတ်ဆောင်ရွက်ခြင်းကို အထူးကြပ်မတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
လယ်ယာမြေကို အခြားနည်းသုံး၍ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာမှု၊စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်မှု တို့ကြောင့် ပြည်တွင်းတွင် ကုန်ထုတ်စွမ်းအားတိုးမြင့်လာမှုများ ရှိသကဲ့သို့ အခြားတစ်ဘက်တွင်လည်း လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် လယ်ယာမြေ အစားထိုးဖော်ထုတ်ရေးနှင့် အဆင့်မြင့်စိုက်ပျိုးမှု၊ နည်းပညာများ အသုံးပြု၍ သီးနှံထုတ်လုပ်မှု စသည့် စွမ်းအားတိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းသိရသည်။
Ref : Everytimestory
Photo Credit : Countrylivingloans
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties