By Kumudra, Shweproperty.com
Updated at 4 December 2018
လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်းတွေကို အခြားနည်းသုံးစွဲခွင့်လျှောက်ခြင်းအတွက် ဒဏ်ကြေးသတ်မှတ်တဲ့အခါ မွေးမြူရေးလုပ်ငန်းတွေအတွက်ကိုတော့ အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ မတူတဲ့နှုန်းထားနဲ့ ချပေးသွားမယ်လို့ သိရပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က “အဓိကပြဿနာဖြစ်နေတဲ့ မွေးမြူရေးလုပ်ငန်းတွေပေါ့နော်၊ မွေးမြူရေးလုပ်ငန်းမှာ ရေလုပ်ငန်းရော ပါတာပေါ့ ငါးကန်တွေပေါ့နော်၊အဲဒါတွေကိုမူတစ်ခုချပြီးပါပြီ၊ အဲဒီတော့ အခြားနည်းသုံးစွဲခွင့်ကိုပေးမယ်၊ ပေးတဲ့အခါမှာလဲ ဓာတ်ဆီဆိုင်တို့လိုမျိုး တခြားစီး ပွားရေးလုပ်ငန်းတွေနဲ့ မတူတဲ့နှုန်းထားနဲ့ပေါ၊ အဲဒီနှုန်းထားကို ဆရာ တို့ချထားပြီးပြီ၊ ပြည်နယ်/တိုင်း ဒေသကြီးအစိုးရတွေကိုလဲ ဆရာတို့ ဝန်ကြီးဌာနတွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါတယ်၊ မကြာခင်အချိန်အတွင်းမှာ တရားဝင်လုပ်ဖို့ရှိပါတယ်”လို့ ပြောပါ တယ်။
လက်ရှိမှာ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ အဓိကရင်ဆိုင်နေရတဲ့အခက်အခဲက လက်ရှိ ရှိနေတဲ့ မွေးမြူရေးကန်နဲ့ မွေးမြူရေးခြံနေရာတွေကို အစိုးရကနေ တရားဝင် အသိအမှတ်မပြုသေးတဲ့အခက်အခဲဖြစ်ပါတယ်။တချို့မှာအခြားနည်း သုံးစွဲခွင့်လျှောက်ထား ပြီးဖြစ်ပေမဲ့ အစိုးရကနေ ချမပေးတာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အခြားနည်း သုံးစွဲခွင့်ရထားတဲ့သူတွေအနေနဲ့ကတော့ ဒဏ်ကြေးပေးဆောင်ရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရကနေ သတ်မှတ်ပေးတဲ့အတွက် တစ်နေရာနဲ့ တစ်နေရာတော့ ဒဏ်ကြေးပမာဏ တူညီမှုမရှိဘူးလို့ သိရပါ တယ်။ပျမ်းမျှအားဖြင့် မွေးမြူရေးကန်အတွက် အခြားသုံးစွဲခွင့် လျှောက်ရင် တစ်ဧကကို အနည်းဆုံး ကျပ်သုံးသိန်းကနေ ကျပ်ရှစ်သိန်းဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနကနေ မကြာခင်ထုတ်ပြန်မယ့် အခြားနည်းသုံးစွဲ ခွင့်နဲ့ပတ်သက်ပြီး ချမှတ်ထားမှု အသစ်မှာတော့ လယ်ယာမြေကနေ အခြားနည်းသုံးစွဲခွင့်ကို ဗဟိုအစိုးရကနေ တိုက်ရိုက်ကိုင်တွယ်မှာဖြစ်ပြီး မြေလွတ်မြေရိုင်းကနေ အခြားနည်းသုံးစွဲခွင့်ကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည် နယ်အစိုးရကနေ တင်ပြလာတဲ့အပေါ် ဗဟိုအစိုးရကနေ စိစစ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာလည်း အစိုးရအနေနဲ့လယ်ယာ မြေစီမံခန့်ခွဲမှုဗဟိုကော်မတီနဲ့ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဗဟိုကော်မတီကို ဖွဲ့စည်းထားပါတယ်။
ဒေါက်တာခင်ဇော်က “မွေးမြူ ရေးသမားတွေကို အဆင်ပြေအောင် အတတ်နိုင်ဆုံး ဆရာတို့ဝန်ကြီးကနေပြီးတော့ ကော်မတီ နှစ်ခုကနေပြီးတော့ အခြားနည်းသုံးစွဲခွင့်တွေမှာ လွယ်ကူလျင်မြန် အောင်ဆောင်ရွက်လျက်ရှိတယ်၊ အခြားနည်းသုံးစွဲခွင့် လျှောက်ထားရတာသည် မြို့နယ် အဆင့်ကနေစပြီး လျှောက်ထားရတယ်၊ မြို့နယ်အဆင့် လယ်ယာမြေစီမံခန့် ခွဲမှုကော်မတီရှိတယ်၊ မြေလွတ် မြေရိုင်းစီမံခန့်ခွဲမှု ကော်မတီရှိ တယ်၊ ဒီကော်မတီကနေ အဆင့်ဆင့်တက်လာတဲ့အတွက် အချိန်အတိုင်းအတာတစ်ခု အထိပေးရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်ရှိကြုံတွေ့နေရတဲ့ မြေနေရာ တရားဝင်ဖြစ်ရေး၊ ကောင်းမွန်တဲ့ မွေးမြူရေးစနစ်တွေရရှိရေး၊ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို အရစ်ကျဝယ်ယူနိုင်ရေး၊ တည်ငြိမ်တဲ့ဈေးကွက်ကို ဖန်တီးပေးနိုင်ရေး စတဲ့ကဏ္ဍတွေ ဖြည့်ဆည်းပေးနိုင်ဖို့ လိုတယ်လို့ သိရပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ မွေးမြူရေးကန်တွေ၊ ကောင်းမွန်တဲ့ ခြံစနစ်တွေ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ပမှရင်းနှီးမြှုပ်နှံတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍထက် မွေးမြူရေးကဏ္ဍကို ပိုပြီးစိတ်ဝင်စားမှုရှိကြတဲ့အတွက် အစိုးရအနေနဲ့လည်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အလေးပေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) နဲ့ ညှိနှိုင်းပြီး ဖြေလျှော့မှုတွေ ပြုလုပ်ထားတဲ့အတွက် မွေးမြူရေးလုပ်ငန်း ၁၃ မျိုးအထိ နိုင်ငံခြားရင်း နှီးမြှုပ်နှံခွင့် ရာခိုင်နှုန်းပြည့်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Nigeriapropertycentre
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties