By ထွန်းနေလှိုင်(နောင်ပိန်), Shweproperty.com
Updated at 12 March 2012
လားရှိုးမြို့အဝေးပြေးယာဉ်ရပ် နားစခန်းတည်ဆောက်ရန် လျာထား သည့် နားမခေါ်ရွာနှင့်မြို့ရှောင်လမ်း ဖောက်လုပ်မည့်အဆိုပြုလမ်းအူကြောင်း များနှင့် နီးစပ်သည့်အိမ်ခြံမြေအချို့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေး နှုန်းများ အဆမတန်မြင့်တက်နေ ကြောင်း သိရသည်။
''အဝေးပြေး ယာဉ်ရပ်နားစခန်း ကိုနားမခေါ်ရွာမှာတည်ဆောက်မှာ ဆိုတော့အရင်ကကျပ်သိန်း ၁ဝဝ တန်တဲ့မြေကွက်ကကျပ်သိန်း ၂၅ဝ လောက်ထိတက်သွားတယ်။ ဒီက မြေကွက်ရောင်းပြီးမြို့ထဲက မြေ ကွက်ကိုတောင်သွားဝယ်လို့ရတယ်'' ဟုနားမခေါ်ကျေးရွာမှဒေသခံတစ်ဦး က ပြောပါသည်။
အလားတူမြို့ရှောင်လမ်းဖောက် လုပ်ရန်လျာထားသည့် လမ်းအူ ကြောင်းနှင့်နီးစပ်သောအောင်စတေနာ ရပ်ကွက်တွင်လည်း ယခုလအတွင်း အဆိုပါသတင်းများကြောင့် ဈေး နှုန်း ြမြင့်တက်နေကြောင်း သိရသည်။
''ဒီအိမ်ကို ပြီးခဲ့တဲ့သုံးလလောက်ကကျပ်သိန်း ၈ဝ နဲ့ဝယ် ထားတာပါ။အခုကျပ်သိန်း ၃ဝဝ ထိ လာပေးနေတယ်။ ဝယ်လက်တွေ များတော့ပွဲစားတွေကလည်းဈေးတင် ခေါ်ရင်းအိမ်ဈေးတွေ၊ မြေကွက်ဈေး တွေကလည်းတဖြည်းဖြည်းမြောက် လာတယ်။ ဝယ်လက်တွေကလည်း အဆမတန်ပေးဝယ်ကြတာတွေရှိ တယ်''ဟုအောင်စေတနာရပ်ကွက် တွင်နေထိုင်သူတစ်ဦးက ပြောပါ သည်။ လားရှိုးမြို့ အဝေးပြေးယဉ် ရပ်နားစခန်းကို နားမခေါ်ရွာတွင် တည်ဆောက်ရန် လျာထားပြီး လားရှိုးမြို့ရှောင်လမ်းကို မယ်ဟန် ကျေးရွာအနီးမှဖောက်လုပ်ရန် အဆိုပြုလျာထားကြောင်း သိရ သည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties