By အေဝိုင်အီး, Shweproperty.com
Updated at 23 October 2012
အိမ်ခြေမဲ့များအတွက် ရည်ရွယ်ကာ ဆောက်လုပ်မည်ဖြစ်သော မောရဝတီ (၁) နှင့် (၂) အိမ်ရာစီမံကိန်းကို အ ထပ်မြင့်များ ဆောက်လုပ်သွားရန် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ညွှန်ကြားထားကြောင်း ၁၇-၁ဝ-၂ဝ၁၂ ရက်က သိရသည်။
ရှမ်းပြည်နယ် လားရှိုးမြို့တွင် မြေဧက ၉ဝဝ ခန့်ပေါ်၌ စတင်ဆောင်ရွက်တော့မည့် အဆိုပါစီမံကိန်းကို ယခု နှစ်ကုန်ပိုင်းမှစတင်ကာ အကောင်အ ထည်ဖော်မည်ဖြစ်ပြီး ပထမအဆင့်အဖြစ် မောရဝတီ (၁) ကို ဦးစွာဆောက်မည်ဟု သိရသည်။ ''မောရ ဝတီ (၁) က ဧက ၄ဝဝ လောက်မှာ အိမ် တွေဆောက်မှာ ဖြစ်ပြီးတော့ (၁) ရော (၂) မှာပါ လူများနေနိုင်ဖို့ အထပ်မြင့်တွေ ဆောက် သွားမှာပါ'' ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောကြားသည်။
''ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရဲ့ ခရီးစဉ်မှာ အထူးမှာကြားခဲ့တာကတော့ နေအိမ်မဲ့တဲ့လူတွေအတွက် အဆင်ပြေပြေ နေနိုင်စေဖို့ လုပ်ပေးလိုက်ပါ။ လောလော ဆယ်တော့ ပြည်နယ်ကပဲ ဘတ်ဂျက်အ ကုန်အကျခံပြီး လုပ်ပေးစေချင်တယ်'' ဟု ယင်းကပြောကြားသည်။ ''အလျားလိုက် အဆောက်အအုံတွေ မရတော့ရင်လည်း ဒေါင်လိုက်အဆောက်အအုံတွေ လုပ်ပါ လို့ ဒုတိယသမ္မတက ညွှန်ကြားထားတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
''ရမှာက အိမ်ခန်း ၂ဝဝဝ ကျော် တည်းရယ်။ လောလောဆယ် လျှောက်လွာတင်ထားတာက သောင်းဂဏန်ကျော်နေပြီ" ဟု ဒေသခံများ၏ နေအိမ် လိုအပ်နေမှုကို ယင်းက ထောက်ပြပြော ကြားလိုက်သည်။
Source : Pyi Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties