By လဲ့မို့, Shweproperty.com
Updated at 8 March 2012
ပုသိမ်မြို့က အချက်အချာကျတဲ့နေရာတွေကို မြန်မာနိုင်ငံအထက်ပိုင်းက လုပ်ငန်းရှင်တွေ ဝယ်ယူရင်းနှီးမြှပ်နှံထားကြတယ်လို့ သိရပါတယ်။
‘ဝယ်တဲ့သူတွေက နေရာကိုအဓိက ထားကြတယ်၊ ဝယ်ပြီးလဲ ဘာမှမလုပ်ဘဲ ပစ်ထားကြတာ’ လို့ ပုသိမ်မြို့မှ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့က လက်ရှိရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မယ့်နေရာ၊ ဧက ၂၀၀ ဝန်းကျင်ရှိ အထည်စက်ရုံတွေ တည်ဆောက်မယ့်နေရာ၊ ကုန်တင်ယာဉ် ရပ်နားစခန်းအနီးနေရာ၊ ငွေဆောင်၊ ချောင်းသာသွားတဲ့ ဧရာဝတီမြစ်ကျော် တံတားနေရာဝန်းကျင်တွေမှာ အများဆုံး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုသိမ်မြို့က ဒေသခံတွေဝယ်ယူတာထက် တခြားမြို့နယ်က လုပ်ငန်းရှင်တွေ ဝယ်ယူတာ ပိုမိုများပြားလာပါတယ်။ မြို့ပြဖွံ့ဖြိုးလာတာနဲ့ ပုဂ္ဂလိကဘဏ်တွေလာရောက်ဖွင့်လစ်တာကြောင့်လည်း ဈေးနှုန်းမြင့်တက်လာလို့ သိရပါတယ်။
‘လမ်းတွေကို ကွန်ကရစ်ခင်းပြီးချဲ့လာကြတယ်။ မြို့တစ်မြို့ရဲ့ ရှိသင့်ရှိထိုက်တဲ့ အဆောက်အအုံတွေရှိလာတော့ အိမ်ခြံမြေဈေးက မြင့်တက်လာတယ်’ လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပုသိမ်မြို့လယ်က မဟာဗန္ဓုလမ်းမကြီး၊ ရွေပြည်သာဈေးအနီးက နေရာတွေမှာ ဈေးနှန်းမြင့်တက်နေပြီး ပေ ၄၀ x ၆၀ အကျယ်အဝန်းကို အရင်က ကျပ်သိန်း ၆၀၀ ဝန်းကျင်ရှိခဲ့ရာကနေ အခု သိန်း ၂၀၀၀ ဝန်းကျင် ဖြစ်လာတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့ရှိနေတာကြောင့် ဒေသဖွံ့ဖြိုးလာမယ့် အလားအလာတွေ ရှိလာတဲ့အတွက် မန ္တ လေး၊ မိုးကုတ်၊ ရှမ်းပြည်နယ် စတဲ့ ဒေသတွေက လုပ်ငန်းရှင်တွေ မြေနေရာ ဝယ်ယူထားကြတဲ့အပြင် ရှမ်းတရုတ်လူမျိုးတွေပါ ဝယ်ယူလာကြတယ်လို့ သိရပါတယ်။
Source : Kumudra Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties