By မော်ကျွန်းသူ, Shweproperty.com
Updated at 19 January 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိမြို့နယ်များနှင့် အရှေ့ပိုင်းခရိုင် အတွင်းရှိမြို့နယ်များရှိ အိမ်ခြံမြေ ဈေးနှုန်းများမြင့်မားနေသော်လည်း အဝယ်လိုက်မှုမှာ နည်းပါးကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ဒဂုံတောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် အိမ်ခြံ မြေအဝယ်လိုက်မှုမှာ ကြီးခဲ့သည်။ နှစ်လနီးပါးက အရောင်းအဝယ်ဖြစ် ခဲ့သော်လည်း ယခုလက်ရှိတွင်ပုံမှန် အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေ ကြောင်း ဒဂုံအရှေ့ပိုင်းတွင်နေထိုင် သူများက ပြောကြားသည်။
''အခု ပေ ၁ဝ၊ ပေ ၆ဝ အကျယ်တောင် ဟိုတလောက ကျပ် ၆၅ သိန်းပေးတယ်။ အန်တီကတော့မရောင်းပါဘူး။ ကိုယ့်မှာနေစရာက တစ်နေရာပဲရှိတာ။ ဒီနေရာကသွား ရေးလာရေးတော့အဆင်ပြေတယ်'' ဟု ဒဂုံအရှေ့၊ ခြောက်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အုန်းမြင့်က ပြော ကြားသည်။
ယခင်ကအဆိုပါ ရပ်ကွက်များ ရှိ အိမ်ခြံမြေဈေးနှုန်းသည် ငါးသိန်း ဝန်းကျင်ခန့်သာရှိကြောင်း အိမ်ခြံ မြေပွဲစားတစ်ဦးက ဆိုသည်။
အိမ်ခြံမြေအဝယ်လိုက်ရာတွင် သန်လျင်၊ ဒလမြို့နယ်များဖြစ်ကြပြီး ပုံမှန်အရောင်းအဝယ်လိုက်ရာ၌ လှိုင် သာယာ၊ ရွှေပြည်သာမြို့နယ်များ တွင် အရောင်းအဝယ်မှာ ပုံမှန်အ ခြေအနေတွင်သာရှိနေကြောင်း သိရသည်။
''ရွှေပြည်သာမှာတော့ အိမ်ခြံ မြေကပုံမှန်လေးပဲသွားနေတာ။ အ ရောင်းအဝယ်ဖြစ်တာကတော့ ဝါးတရာစက်မှုဇုန်နဲ့နီးတဲ့ရပ်ကွက်တွေ အရောင်းအဝယ်ဖြစ်ကြတယ်။ တစ် လကို ကျွန်တော်တို့အိမ်ခြံမြေအကျိုး ဆောင်ကနေ နှစ်ပွဲ၊ သုံးပွဲလောက် အရောင်းအဝယ်ဖြစ်တယ်''ဟု ရွှေမြေအိမ်ခြံမြေအကျိုးဆောင်မှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
Source : The Myanmar Post
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties