By 7daydaily, Shweproperty.com
Updated at 28 July 2016
ကျပ်သိန်း ၁၀,၀၀၀ အထူးဆုချီးမြှင့်မည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များ ကို ၂၀၁၇ နှစ်ဆန်းတွင် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက ပြောကြားသည်။
ကျပ်သိန်း ၁၀,၀၀၀ အထူးဆု အပြင် ဒုတိယဆု ကျပ်သိန်း ၅,၀၀၀ နှင့် တတိယဆု ကျပ်သိန်း ၁,၀၀၀ ဆုများကိုလည်း ချီးမြှင့်မည် ဖြစ်သည်။
‘‘ဝါဇီမှာ ထီလက်မှတ်တွေ ရိုက်ဖို့ အချိန်ရှိသေးတယ်။ အဲဒီ က ပြီးစီးမှုအပေါ်မှာ မူတည်တယ်’’ဟု ဒုဝန်ကြီးက လွှတ်တော်အ စည်းအဝေးခန်းမ အပြင်ဘက် တွင် ပြောသည်။
ဆုတစ်ဆုချင်းစနစ်၌ ကျပ် သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ် ၁၀ သိန်းတို့ကို ချီးမြှင့်မည်ဖြစ် ကြောင်း ဒုဝန်ကြီးက ပြောသည်။
ဝေဝေဆာဆာ ဆုမဲများအ နေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း ငါးလုံးတူ ကျပ်သုံးသိန်း၊ အက္ခရာ နှင့် ရှေ့ဂဏန်း လေးလုံးတူ ကျပ် နှစ်သိန်း၊ အက္ခရာနှင့် ရှေ့ဂဏန်း သုံးလုံးတူ ကျပ် တစ်သိန်း၊ အက္ခ ရာနှင့် ရှေ့ဂဏန်း နှစ်လုံးတူ ကျပ် ငါးသောင်းဆုများကိုလည်း ချီးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။
ကျပ် ၅၀၀ တန် ထီလက်မှတ်ရောင်းချမည် ဖြစ်သော်လည်း သိန်း ၁,၅၀၀ ဆုချီးမြှင့်လျက်ရှိ သည့် ၂၀၀ တန် ထီလက်မှတ်စနစ်ကိုလည်း ဆက်လက်ထားရှိမည် ဟု ဒုဝန်ကြီးက ပြောသည်။
ဇူလိုင် ၂၇ ရက်တွင် ကျင်းပ သည့် အမျိုးသားလွှတ်တော်၌အကြောင်းအမျိုးမျိုးကြောင့် ထီ ဆုငွေများ လာရောက်ထုတ်ယူ ခြင်းမရှိသည့် ဆုငွေများကို နိုင်ငံ တော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခြင်းမပြုဘဲ ပြည်သူများအတွက် ဆုမဲများအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးထိန်ဝင်း က မေးမြန်းခဲ့သည်။
အဆိုပါဘဏ္ဍာသိမ်းရငွေ များကို နိုင်ငံတော်လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးကဏ္ဍများတွင် အချိုးကျပြန်လည် သုံးစွဲပေးနေကြောင်း ဒုဝန်ကြီးက လွှတ်တော်၌ ပြန် လည်ဖြေကြားခဲ့သည်။
အောင်ဘာလေသိန်းဆုဌာန ခွဲအနေဖြင့် လစဉ်ထီလက်မှတ် များရောင်းချရငွေ၏ ၆၀ ရာခိုင်နှုန်းကို ကံစမ်းသူများအား ဆုမဲများ ခွဲဝေချီးမြှင့်ပေးပြီး ၄၀ ရာခိုင်နှုန်း ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ကောက်ခံလျက်ရှိသည်။
Ref : 7daydaily
Photo Credit : mrtv4
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties