ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land And Housing Coorporation တို့ကြား စက်တင်ဘာ ၄ ရက်က LOTTEL Hotel Yangon တွင် ပြုလုပ်သည့် ဒလမြို့သစ်စီမံကိန်းအကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။
"တောင်ကိုရီးယားသမ္မတကြီး မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့တော်ဖွံဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့ ဒလမြို့သစ်ဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Korea Land And Housing Corporation တို့ကြား MOUလက်မှတ်ရေးထိုးတဲ့ အခန်းအနားကို အခုလိုပြုလုပ်နိုင်တာကျေးဇူးတင်ပါတယ်။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ပတ်ဝန်းကျင်မှာ စမတ်စီးတီးမြို့သစ်များနံ့ ဝန်းရံပြီး ဖွဲ့စည်းတည်ဆောက်ထားသကဲ့သို့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာလည်း ခေတ်မီမြို့သစ်စီမံကိန်းများကို ထူထောင်ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု ၎င်းကပြောသည်။