By Lae' Moe, Shweproperty.com
Updated at 20 August 2015
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ အကျိုးတူးပူးပေါင်း ဆောက်နေတဲ့ လင့်လမ်းအိမ်ရာစီမံကိန်းကို အောက်တိုဘာလမှာ အခန်းအပ်နှံမယ်လို့ သိရပါတယ်။
"မူလနေထိုင်သူတွေကို အခန်းပြန်အပ်နှံမှာပါ၊ အခန်းပေါင်း (၁၂၀) ပါမှာပါ၊ အထပ်အမြင့် ခြောက်ထပ်တည်ဆောက်ထားတာ"လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အခန်းအကျယ်တွေက (၁၆၆) စတုရန်းပေကနေ (၂၀၇) စတုရန်းပေအထိ ကျယ်ဝန်းတဲ့ အခန်းပေါင်းများစွာ ပါဝင်ပါတယ်။ အခန်းဈေးနှုန်းတွေကတော့ တစ်ပေပတ်လည်ကို ကျပ် (၃) သိန်းကနေ၊ ကျပ် (၄) သိန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
အဲသည်ကွန်ဒိုကို ဘီအိုတီစနစ်နဲပ တည်ဆောက်ထားတာ မဟုတ်တာကြောင့် သားစဉ်မြေးဆက် ပိုင်ဆိုင်နိုင်ပါသည်တယ်။ ဒါ့အပြင် နိုင်ငံခြားသားတွေလည်း ဝယ်ယူခွင့်ရှိပြီး အရေအတွက် အကန့်အသတ်နဲ့ ရောင်းချတဲ့ Limited Edition အမျိုးအစား ကွန်ဒိုတွေ ဖြစ်ပါတယ်။
ကွန်ဒိုမှာ နေထိုင်သူတွေအတွက် ရေကူးကန်၊ နိုင်ငံတကာ အဆင့်မီ အားကစား လေ့ကျင့်ရေး ခန်းမ၊ နိုင်ငံတကာ အဆင့်မီဈေးဝယ်စင်တာ၊ ကျောက်မျက်ရတနာ အရောင်းဆိုင်တွေနဲ့ ဘဏ်တွေ၊ စားသောက်ဆိုင်စတာတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲသည် ကွန်ဒိုကို ဓမ္မစေတီလမ်းထောင့်နဲ့ လင့်လမ်းကြားမှာ တည်ဆောက်နေတာ ဖြစ်ပြီး ထိုက်စိုးကုမ္ပဏီက တာဝန်ယူ တည်ဆောက်တာ ဖြစ်ပါတယ်။
Ref : Le' Moe
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties